မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဆွဲဆောင်မှုရှိတဲ့ အကျ်ီတစ်ထည်က သင့်ရဲ့ စွမ်းအင်ကို မြှင့်တင်ပေးပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ စိတ်ကျေနပ်မှုစတဲ့အရာတွေကို ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေက ပေးစွမ်းနိုင်ပါတယ်။ ဆွဲဆောင်မှုရှိစေတဲ့ အရောင်တွေကို သိထားတာက လူတောထဲသွားတဲ့အချိန်ဖြစ်စေ၊ ကောင်လေးနဲ့ချိန်းတွေ့တဲ့အချိန်ဖြစ်စေ အသုံးဝင်ပါတယ်။ယုံကြည်မှုကိုလည်း နှစ်ဆတိုးစေတာကြောင့် မိန်းကလေးတိုင်းနဲ့ဆွဲဆောင်မှုရှိတဲ့အရောင်တွေကိုသိထားသင့်ပါတယ်။ အကျ်ီ ဝယ်တဲ့အခါလည်း ဆွဲဆောင်မှုရှိတဲ့အရောင်တွေကို သိထားတော့ သင်အလုပ်သိပ်မရှုပ်တော့ပါဘူး။

1. ပထမဆုံး အရောင်ကတော့ မိန်းကလေးတိုင်းလိုလိုသိမှာပါ။ အနီရောင်ပါ။ အနီရောင်က ရဲရင့်မှု၊ စွမ်းအင်၊ ဆွဲဆောင်မှု၊ ယုံကြည်မှုစတဲ့အဓိပ္ပာယ်တွေရည်ညွှန်းပါတယ်။

အနီရောင်ဖက်ရှင်တွေကတော့

2 အနက်ရောင်- အနက်ရောင်ရဲ့အဓိပ္ပာယ်ကတော့ ခေတ်ဆန်သော၊ကျက်သရေခညောင်းသော၊ နတ်ဆိုး မကောင်းဆိုးဝါးလို့ အဓိပ္ပာယ်ရပါတယ်။

အနက်ရောင်ဖက်ရှင်တွေကတော့-

3. အပြာရောင်-နောက်ထပ်ဆွဲဆောင်မှုရှိတဲ့အရောင်ကတော့ အပြာပါ။ အဓိပ္ပာယ်ကတော့ တည်ငြိမ်အေးချမ်းမှု၊ ယုံကြည်မှု၊ စိတ်ဓာတ်ကျခြင်းစတဲ့အဓိပ္ပာယ်တွေရပါတယ်။

အပြာရောင်ဖက်ရှင်တွေကတော့-

4. အစိမ်းရောင်- အဓိပ္ပာယ်ကတော့ သဘာဝ၊ လတ်ဆတ်မှု ငြိမ်းချမ်းမှုဆိုပြီး အဓိပ္ပာယ်ရပါတယ်။

အစိမ်းရောင်ဖက်ရှင်တွေကတော့-

5. ခရမ်းရောင်- ခရမ်းရောင်ကလည်း ဆွဲဆောင်မှုရှိစေတဲ့အရောင်တွေထဲ ပါဝင်နေပါတယ်။ အဓိပ္ပာယ်ကတော့ နန်းဆန်မှု၊ ဂုဏ်သိက္ခာ၊ စိတ်တည်ငြိမ်မှုတို့ကို ညွှန်းနေပါတယ်။

ခရမ်းရောင်ဖက်ရှင်များ

Photo Source:Pinterest

By MyStyle Myanmar