သင်က လက်တစ်ချောင်းတည်းမှာ လက်သည်း အရောင်ကို တစ်မျိုးတည်းထက် ပိုပြီး ဆိုးချင်သူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီလို အရောင်မျိုးစုံ ပြောင်းဆိုးတာက လက်သည်းဆိုးသူကို တီထွင်မှု အားကောင်းတယ်လို့ ထင်ရစေပြီး ငယ်ရွယ်တက်ကြွတဲ့ Vibe မျိုးကို ရစေပါတယ်။ ဒီတော့ အရောင်လေးတွေ တွဲဆိုးတဲ့အချိန် ဘယ်လို အရောင်လေးတွေကို တွဲဖက်ရင် ပိုလှမလဲ သင် သိထားဖို့ လိုပါပြီ။ ဒီတော့ ဘယ်အရောင်က ဘယ်အရောင်နဲ့ တွဲလိုက်ရင် ပို Chemistry မိသွားလဲ သိချင်ရင်တော့ ဒီအကြောင်းအရာကို ဆက်ကြည့်လိုက်ပါနော်။

အရောင်ဖျော့ နှစ်ရောင်နဲ့အတူ ဒီအရောင်ထက် ပိုရင့်ပြီး ပိုတောက်ပတဲ့ အရောင် တစ်ရောင်ကို ဖြည့်ဆိုးတာက သင့်လက်သည်းကို Balance ဖြစ်စေပါတယ်။ Pastel Color တွေ ဖြစ်တဲ့ အဝါရောင်အနုနဲ့ အစိမ်းနုကိုမှ လိမ္မော်ရင့်ရောင်နဲ့ တွဲထားတာကို နမူနာ ယူနိုင်ပါတယ်။

အဖြူကို အရောင်မျိုးစုံနဲ့ တွဲဖက်နိုင်ပါတယ်။ အပြာကိုမှ အရင့်နဲ့ အနု နှစ်ရောင်ကို လက်တစ်ချောင်းတည်းမှာ Colorful ဖြစ်စွာ ဆိုးနိုင်ပါတယ်။ အရောင်လေးကို Balance ဖြစ်သွားအောင် အဖြူရောင်ကို ကြားဖြတ်ဆိုးနိုင်ပါတယ်။

သင်က အရောင် ငြိမ်ငြိမ်လေးသွားတဲ့ လက်သည်းအရောင်တွေကို ရှာနေတယ်ဆိုရင် ဒီပုံစံလေးက သင်နဲ့ အဆင်ပြေပါလိမ့်မယ်။

အစိမ်းရောင်လေး နှစ်သက်တယ်ဆိုရင်တော့ ပုံထဲက လက်သည်းစတိုင်လေးကို ပျိုမေတို့ နှစ်သက်မှာ မလွဲမသွေပါပဲ။

Pastel Color အရောင်အနုလေးတွေ အတွဲအစပ်က ပျိုမေတိုင်းရဲ့ လက်သည်းနဲ့ လိုက်ဖက်တဲ့အပြင် အေးချမ်းတဲ့ Vibe လေးကို ပိုင်ဆိုင်စေပါတယ်။

နွေရာသီရဲ့ အရောင်က အဝါရောင်ပါ။ အဝါရောင်နဲ့ လိုက်ဖက်မယ့် အရောင်တစ်မျိုးကတော့ အပြာရောင်ပါ။ ဒီစတိုင်လေးက သင့်ကို တက်ကြွနုပျိုစေပါလိမ့်မယ်။

အဝါနဲ့ အပြာကို တွဲနိုင်သလို အဝါနဲ့ အစိမ်းကိုလည်း တွဲဖက်နိုင်ပါသေးတယ်။

သင်က အရောင်ရင့်ရင့်လေးတွေကို နှစ်သက်ပြီး သတ္တိရှိကာ စွန့်စားရဲတဲ့ Bold ဖြစ်တဲ့ Character ကို ပိုင်ဆိုင်ရင် ဒီအရောင်လေးနဲ့ အဆင်ပြေပါလိမ့်မယ်။

ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရမ်းရောင် အရောင်ကွဲ အတွဲအစပ်လေလးက ကြည့်တဲ့ ပျိုမေတိုင်း တန်းဆိုးချင်စိတ် ပေါက်ပါလိမ့်မယ်။

ဒီ ပိတောက်ရောင်လေးက သင့်လက်ကို အသားအရေ အရောင် တက်သွားစေပြီး အခုနောက်ပိုင်း Nail Salon တွေမှာ အဆိုးများလာတဲ့ လက်သည်းနီအရောင် ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar