အဖြူနဲ့ အနက်ကတော့ တွဲရလွယ်ကူပြီး လူငယ်အများကြား ရေပန်းစားတဲ့ ဖက်ရှင်ပါ။ ဒီထက် တဆင့်မြှင့်တဲ့ ဖက်ရှင်ဘက် သွားချင်ရင်တော့ တွဲရခက်တဲ့ အရောင်တွေကို တွဲစပ်ပြီး ဝတ်ကြည့်သင့်ပါတယ်။ အရောင်တောက်တာ၊ အရောင်လွင်တာလေးတွေက သင့်အသားပို ဖြူတယ် ထင်ရစေပြီး ဝတ်တတ်ရင် ဝတ်တတ်သလို အဖြူအနက်ပဲ ဝတ်တဲ့ ကောင်မလေးတွေထက် ပိုလှသွားစေပါတယ်။ သင်က အဖြူနဲ့အနက်ကိုပဲ ဝတ်ရတာ ငြီးငွေ့နေပြီဆိုရင်တော့ အောက်ဖော်ပြပါ အရောင်အတွဲအစပ်တွေကို ဝတ်ကြည့်သင့်ပါတယ်။

Tie Dye Shirt တွေက အရောင်မျိုးစုံ စမ်းဝတ်ချင်တဲ့ မိန်းကလေးတွေနဲ့ အဆင်ပြေမယ့် အဝတ်အစားပါ။ Tie Dye ကိုမှ ခရမ်းနဲ့ အဝါ စပ်တာ ဝတ်ထားတယ်ဆိုရင် အောက်ဘောင်းဘီကို ခရမ်းဝတ်နိုင်ပြီး ကိုယ်လွယ်တဲ့ အိတ်ကို အဝါလေး ထားနိုင်ပါတယ်။

အရောင်လွင်လွင်လေးတွေထဲမှာ အစိမ်းနဲ့ လိမ္မော်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ အစိမ်းရင့်ရောင်နဲ့ တွဲနိုင်တဲ့ အရောင်ကတော့ လိမ္မော်ရောင်ပါ။

အပေါ် အစိမ်းနုနဲ့ အောက်ဘက် အစိမ်းရင့်ကလည်း လိုက်ဖက်ပြီး လူငယ်ဆန်တဲ့ ဖက်ရှင်ပါ။

အစိမ်းနုလေးနဲ့ ပန်းရောင်နုလေးကလည်း တွဲဖက်ကြည့်သင့်တဲ့ အထဲ ပါဝင်ပါတယ်။

လိမ္မော်နဲ့ အဝါရောင်အနုက အရောင်ပုံစံဆင်တူပြီး Cheerful Vibe လေး ပေးနိုင်ပါတယ်နော်။

လိမ္မော်အနုနဲ့ အဖျော့က Orange Juice အေးအေးလေးကို သတိရစေမှာပါ။

အဝါနုနဲ့ ပန်းရောင်ကို သင်တွဲဝတ်ကြည့်ဖူးလား။ မတွဲဖူးဘူးဆိုရင်တော့ ပုံထဲက မော်ဒယ်လို စမ်းကြည့်သင့်ပါတယ်။

အစိမ်းအနုနဲ့ ခရမ်းလေးကလည်း လိုက်မယ် မထင်ရတဲ့ အတွဲအစပ်လေးပါ။

အစိမ်းရင့်နဲ့ လိမ္မော်လိုက်ဖက်တာကိုတော့ သင်အပေါ်က အချက်မှာ သိပြီး ဖြစ်မှာပါ။ Confident ရှိတဲ့ မိန်းကလေး အဖြစ် မြင်ရစေမှာပါ။

ပန်းရောင်အနုနဲ့ အစိမ်းရောင်က အသားပိုလင်းစေပါတယ်။

အပေါ် ခရမ်းနဲ့ အောက် ဆင်စွယ်ရောင်ကလည်း တွဲကြည့်သင့်တဲ့ အရောင်ပါ။

အပြာအရင့်နဲ့ လိမ္မော်ကိုလည်း ချစ်စရာကောင်းတဲ့ ဖက်ရှင်ကို ပိုင်ဆိုင်ချင်ရင် တွဲကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar