တချို့ကောင်မလေးတွေက ဆံပင်အရောင်အမျိုးမျိုးပြောင်းဆိုးရတာကို ကြိုက်ကြတယ်။ ဆိုးပြီဆိုရင်လည်း သူများဆိုးနေကျအရောင်တွေမဆိုးပဲနဲ့ လုံးဝကိုကွဲထွက်နေစေမယ့် အရောင်တွေကိုဆိုးကြည့်ပါ။ အရမ်းလှပြီး ဖက်ရှင်ကျစေပါတယ်။ သူများနဲ့လည်းမတူတဲ့ ဆံပင်ကာလာဆန်းဆန်းလေးတွေကို ဆိုးချင်တယ်ဆိုရင်တော့ ပုံလေးတွေကိုအဆုံးထိ ကြည့်ကြည့်လိုက်နော်။

ဒီအရောင်လေးဆိုရင် လူငယ်တွေနဲ့ တော်တော်လိုက်ပါတယ်။ ခဲရောင်ကိုမှ အမဲနဲ့စပ်ကြားဖောက်ထားသလိုလေးဆိုတော့ ဘိုဆန်ပြီးတော်တော်လှတယ်နော်။

ဒီအအရောင်ကျတော့ အပေါ်ကအရောင်နဲ့ဆင်ပေမယ့် မတူဘူးနော်။ သူက အပေါ်ပိုင်းကိုအမဲပဲထားပြီး အောက်ပိုင်းကိုမှ ခဲနဲ့အပြာစပ်ထားသလို ရောင်ပြေးလေးဆိုတော့ တော်တော်လှတယ်။

ဒီအရောင်နှစ်ရောင်ကျတော့ Unicorn အရောင်လေးဆိုးထားတာမို့ အရမ်းလည်းလှတယ်။ ရုပ်လေးလည်းပြောင်းပြီး ပိုလှသွားစေတယ်။ မျက်နှာလည်းပိုဖြူပြီး လင်သွားစေတယ်။ လူငယ်နဲ့တော့ ပိုလိုက်တာပေါ့။

ဒီကာလာလေးကျတော့ အတွင်းတစ်ထပ်ကိုပဲ ဖောက်ထားတာ။ ကိုယ်ကြိုက်တဲ့အရောင်လေးဖောက်ဆိုးလို့ရပေမယ့် ဒီအရောင်လေးကျတော့ အစိမ်းနဲ့အပြာကိုစပ်ထားတာဆိုတော့ ပိုလှတယ်။

ဒီဆံပင်ကာလာလေးကျတော့ အရောင်တောက်တောက်ကြိုက်တဲ့သူတွေအတွက် အဆင်ပြေတယ်။ အပေါ်ပိုင်းကအဖြူရောင်၊ အောက်ဘက်က ပန်းရောင်ဆိုတော့ ကာလာကျသွားရင်တောင် ကျန်ခဲ့တဲ့အရောင်က နှစ်မျိုးဖြစ်ပြီး လှနေမှာ။

ဒီအရောက်ကျ ခဲရောင်ကြီးပဲမဟုတ်ဘူး။ အပြာလိုလို၊ ခရမ်းလိုလိုဖောက်နေတာဆိုတော့ တော်တော်ဆန်းတဲ့ကာလာလို့ပြောလို့ရတယ်။ အသားဖြူတဲ့သူတွေနဲ့ဆို ပိုလိုက်တယ်နော်။

ဒီကာလာလေးကျတော့ အဖြူနဲ့ပန်းရောင်ကိုစပ်ထားတာမို့ လူငယ်ဆန်ပြီး မျက်နှာလေးပိုဖြူသွားစေတယ်။ အရောင်ပေါ်လွင်တာလေးကြိုက်ရင် ဒါလေးလည်း တော်တော်လှတယ်။

ကာလာအရမ်းဆန်းတာတွေမဆိုးရဲဘူးဆိုတဲ့သူတွေအတွက်ကတော့ ဒီကာလာလေးက တော်တော်လှတယ်။ ဆိုးတဲ့သူလည်းရှားတယ်။ ဒီကာလာလေးက လူငယ်တင်မကဘူး သက်လတ်ပိုင်းအမျိုးသမီးတွေနဲ့တောင်လိုက်တယ်။

လုံးဝကိုကာလာတောက်တာလေးပဲဆိုးချင်တယ်ဆိုရင်တော့ ပန်းရောင်နဲ့ခရမ်းဖောက်ထားတဲ့ ဒီအရောင်လေးက အရမ်းလှတယ်နော်။ အသားဖြူတဲ့သူနဲ့ဆို အရမ်းလှတယ်နော်။

Photo Source: www.pinterest.com