အခုနောက်ပိုင်း မိန်းကလေးတွေ ကြား တက်တူး ထိုးတာ ရေပန်းစားလာပါတယ်။ တက်တူး ထိုးတဲ့အခါ ရွေးလေ့ရှိတဲ့ အိုင်ဒီယာ အများစုက ကိုယ်နှစ်သက်တဲ့ ပုံရိပ်တွေ၊ ကိုယ့် ယုံကြည်ချက်တွေ၊ အမှတ်တရ နေ့တွေ၊ ကိုယ့်အကြောင်း ပြောပြတဲ့ တက်တူးတွေ ကို အရွေးများကြပါတယ်။ ဒါ့အပြင် မိန်းကလေး အများစုက အရောင်ပါတဲ့ တက်တူးပုံစံ တွေကို အရွေးများလာကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ် နှစ်သက်တဲ့ ပုံရွေးချင်တဲ့ ပျိုမေတို့အတွက် အရောင်ပါတဲ့ တက်တူး အိုင်ဒီယာ လှလှလေးတွေကို ဖော်ပြလိုက်ပါတယ်။

ခရမ်းရောင် နှစ်သက်တဲ့ မိန်းကလေးတွေအတွက် Lavender ပန်းပုံစံလေး

ကျွန်မက နှင်းဆီပါ မောင် ဆိုတဲ့ မိန်းကလေးတွေ အတွက်

တက်တူးထိုးဖို့ နေရာရွေးတဲ့အခါ အသားပိုကြည်ပြီး ဖြူတဲ့ နေရာမျိူးက တက်တူးပုံစံကို ပိုကြွစေပါတယ်။ ခန္ဓာကိုယ်မှာ ရွေးသင့်တဲ့ နေရာတစ်ခုကတော့ လက်ကောက်ဝတ် အောက်/ ဘေး က ဖြူတဲ့နေရာပါ။ ဒီနေရာက နေရောင် တိုက်ရိုက်မထိတာကြောင့် ပိုဖြူနေတတ်ပါတတ်။ ဒါ့အပြင် နာမှာ ကြောက်တဲ့ ပျိုမေတို့ အနေနဲ့ အရိုးပေါ် တိုက်ရိုက် ထိုးရတဲ့ ပုံမဟုတ်ဘဲ အသားများတဲ့ နေရာပေါ်မှာ ထိုးသင့်ပါတယ်။

ပန်း ရောင်စုံလေးတွေ ထိုးချင်တဲ့ ပျိုမေတို့အတွက်

လိပ်ပြာပုံစံလေးတွေ

နေကြာပန်း နှစ်သက်တဲ့ ပျိုမေတို့အတွက်

Daisy ပန်း လှလှလေး

ချစ်ဖို့ကောင်းတဲ့ ပန်းပုံစံ အိုင်ဒီယာလေးတွေ

ချစ်စရာ တိရစ္ဆာန် ပုံစံလေးတွေ တက်တူးထိုးချင်သူတွေ အတွက်

Photo Source: Pinterest

By MyStyle Myanmar