များပြားလှစွာသောအရောင်အမျိုးမျိုးထဲကမှာ ကိုယ်အနှစ်သက်ဆုံးအရောင်၊ ကိုယ့်ရဲ့တစ်နေတာကိုကံကောင်းစေတဲ့အရောင်တစ်မျိုးမျိုးကတော့ ရှိကြမယ်လို့ယုံကြည်ပါတယ်။ ကဲ့ဒီလိုဆိုရင် ဘာအရောင်ကိုတော့ ဘယ်လိုလူမျိုးတွေက ကြိုက်ကြပြီး သူတို့ရဲ့စိတ်နေစိတ်ထားဘယ်လိုရှိမလဲဆိုတာကို ဗဟုသုတအနေနဲ့မျှဝေပေးချင်ပါတယ်။

မီးခိုရောင်

မီးခိုရောင်က အလင်းအမှောင်တည်ငြိမ်သလို၊ အရမ်းလည်းထင်းလင်းနေတဲ့အရောင်မျိုးမဟုတ်ပါဘူး။မီးခိုရောင်ကြိုက်တဲ့သူအများစုဟာ လူတွေရဲ့အာရုံစူးစိုက်မှုကိုအရမ်းလက်မခံချင်တဲ့ သူမျိုးဖြစ်ပြီး တည်ငြိမ်တဲ့ သက်လတ်ပိုင်းလူတွေကြိုက်ကြတာများပါတယ်။အမျိုးသားအများစုရဲ့ Suit ကာလာအဖြစ်အသုံးပြုတာများပြီး ဘယ်တော့မှမရိုးသွားတဲ့အရောင်မျိုးဖြစ်ပါတယ်။

အဝါရောင်

လူငယ်ဆန်တယ်၊တက်ကြွတယ်။ အဝါရောင်ကိုတော့ စိတ်ကိုပျော်ရွှင်စေတဲ့အရောင်အဖြစ်သတ်မှတ်ထားကြပြီး တက်ကြွတဲ့သူ၊ အစွဲလမ်းကြီးတဲ့သူတွေလို့သတ်မှတ်ကြပါတယ်။အာရုံစူးစိုက်မှုအားကိုလည်း မြင့်တင့်ပေးတဲ့အရောင်ဖြစ်တဲ့အတွက် Creative  ဖြစ်တဲ့သူတွေဝတ်ဆင်တာများပါတယ်။

ပန်းရောင်

ပန်းရောင်ကတော့ အာားလုံးသိပြီးသားဖြစ်သလို နူးညံတယ်၊ သိမ်မွေ့တယ်လို့သတ်မှတ်ကြပါတယ်။စိတ်ပညာရှင်တွေပြောကြားချက်အရ ပန်းရောင်ကဒေါသကိုလျော့ချပေးနိုင်ပြီး၊ စိတ်ကူးယဉ်ဆန်တဲ့သူတွေ၊ အကောင်းမြင်စိတ်ရှိတဲ့သူတွေကြိုက်ကြပါတယ်။

အဖြူရောင်

အဖြူရောင်ကိုတော့ လူတိုင်းနှစ်သက်ကြမယ်လို့ထင်ပါတယ်။လွတ်လပ်ပြီး အပြစ်ကင်းတဲ့စိတ်ခံစားမှုကိုဖော်ဆောင်ပေးပြီး ကြိုးစားခြင်းကိုနှစ်သက်တဲ့သူတွေသဘောကျတဲ့အရောင်တစ်မျိုးလည်းဖြစ်ပါတယ်။

Photo Source – Free.pic