နေ့စဥ်နဲ့အမျှ မိန်းကလေးတွေဟာ ကိုယ့်အကြောင်းကိုယ်လည်းပိုသိနိုင်အောင် တစ်နေ့တစ်မျိုးလည်း မရိုးရလေအောင် ဘယ်လိုဝတ်စားရမလဲဆိုတာကို အမြဲခေါင်းရှုပ်နေကြရပါတယ်။

ဒီနေ့ ဒီဆောင်းပါးလေးထဲမှာတော့ အရင်တုန်းက မစမ်းကြည့်ဖူးခဲ့တဲ့ စတိုင်လ်အသစ်တွေကို မတူညီတဲ့အဝတ်အစားတွေ၊ အရောင်တွေကိုပေါင်းစပ်ပြီး ဘယ်လိုမျိုးဖန်တီးလို့ရမလဲဆိုတာကို ‌ပြောပြပေးသွားမှာဖြစ်ပါတယ်။

Neon အရောင်က ‌တောက်တောက်ကြီးဖြစ်နေလိမ့်မယ်ဆိုပြီးတော့ မစမ်းကြည့်ရသေးဘဲနဲ့ တစ်ဖတ်သက်ဆုံးဖြတ်ချက် မချလိုက်ပါနဲ့။ Neon အရောင်ကို တခြားအရောင်နဲ့ တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့စတိုင်လ်ကို ဘယ်လိုမျိုးထူးခြားသွားစေမလဲဆိုတာက‌တော့ မြင်နေရတဲ့အတိုင်းပါပဲ။

မိန်းကလေးဆန်ဆန် ဝတ်စားဆင်ယင်ခြင်သူတွေအတွက်တော့ အနက်နဲ့ပန်းရောင်က ဘယ်တော့မှ ရိုးမသွားမယ့် အတွဲအစပ်လေးဖြစ်ပါတယ်။

Classic ဆန်တဲ့ဖက်ရှင်မျိုးကိုလည်း ဝတ်ကြည့်ချင်တယ်ဆိုရင်တော့ ၇၀ ခုနှစ်ဝန်းကျင်တုန်းက ‌ပေါ်လာခဲ့တဲ့ ဒီလိုအရောင်တွဲစပ်မှုကို ကွက်တိဖြစ်ပါလိမ့်မယ်။

Mint အရောင်ကတော့ ဘယ်လိုရာသီမျိုးနဲ့မဆို လိုက်ဖက်တဲ့အရောင်ဖြစ်ပါတယ်။ သူ့ကို အဖြူရောင်ခပ်ပွပွဘောင်းဘီရှည်နဲ့တွဲဝတ်ပြီး အကျီအတွင်းမြုပ်ထားတာက ဘယ်လောက်လှလဲဆိုတာကို ပုံမှာသာကြည့်လိုက်ပါဦး။

အကယ်လို့သင့်ရဲ့ အကြိုက်တွေ၊ စရိုက်တွေက Rocker ‌တွေဖက်ကို နည်းနည်းသွားနေတယ်ဆိုရင်တော့ အဝါနဲ့အနက်က သင်လိုအပ်တဲ့အရောင်တွဲစပ်မှုပဲဖြစ်ပါတယ်။

အပေါ်ကလိုမျိုး အရောင်တူဖြစ်ပေမယ့် ဒီတစ်ခုကတော့ စကပ်လေးနဲ့ ဆင်တူယိုးမှား အသွင်လေးပါ။

အနက်ရောင်ဂျင်းဘောင်းဘီတစ်ထည်ရှိထားရုံနဲ့ ‌အရောင်တောက်တဲ့ အပေါ်အကျီမျိုးစုံနဲ့ တစ်နေ့တစ်မျိုး တွဲဖက်ဝတ်ဆင်ကြည့်ကာ ကွဲပြားတဲ့အသွင်ဖက်ရှင်တွေကို ဖန်တီးလိုက်ပါ။

အစိမ်းရောင်က တခြားအရောင်တွေနဲ့ တွဲဝတ်ရမှာ အတန်ငယ်အခက်အခဲရှိတယ်လို့ ‌တွေးထင်နေရင်တော့ မှားသွားပါပြီ။ ပုံကိုကြည့်လိုက်ပါဦး။ အသားရောင်လေးနဲ့ တွဲဝတ်ထားတာ ဘယ်လောက်လှလိုက်သလဲ‌နော်။

ဝတ်နေကျအရောင်နှစ်မျိုးမဟုတ်လို့ အတန်ငယ်ကြောက်ရွံ့နိုင်ပေမယ့်လည်း နှစ်ရောင်ကိုတွဲဖက်ဝတ်ဆင်မယ်ဆိုရင် ဒီလိုမျိုး စမတ်ကျတဲ့အသွင်ကို ဖန်တီးနိုင်မှာပါ။

အရောင်နုနုဘောင်းဘီတွေကို ဘယ်တော့မှအထင်မသေးလိုက်ပါနဲ့။ ဝတ်ရတာ အရမ်းကိုဖက်ရှင်ကျပါတယ်။

ခေါင်းစွပ်အကျီတွေကိုလည်း အပေါ်ကနေ ကုတ်အကျီတွေနဲ့ ထပ်ပြီးဝတ်ဆင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖက်ရှင်မျိုးက‌တော့ ရာသီဥတုအေးတဲ့ နေရာမျိုးတွေကို ခရီးသွားတဲ့အခါမှသာ ဝတ်နိုင်ပါလိမ့်မယ်။

TGIF အတွက် သူငယ်ချင်းတွေနဲ့အတူ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ bar သွားတဲ့အခါမှာ ဝတ်နိုင်တဲ့စတိုင်လ်လေးပါ။

ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ် ဝတ်စားချင်သူတွေအတွက်တော့ နံပါတ်တစ်ဖက်ရှင်ဖြစ်နိုင်ပါတယ်။

Source: eslamoda.com