ကိုယ်မွေးတဲ့ လနဲ့ ရာသီခွင်အလိုက် လူတွေမှာ ကံကောင်းစေတဲ့ အရောင်နဲ့ အဆောင်တွေ ရှိတတ်တယ်လို့ ဗေဒင်နက္ခတ်ပညာရှင်တွေက ဆိုပါတယ်။
အဝတ်အစားဝယ်မယ်ဆိုရင် ကိုယ့်နက္ခတ်နဲ့ ကိုက်တဲ့ အရောင်လေးပါ ရွေးဝယ်ထားတော့ ပိုအဆင်ပြေပါတယ်။ ကဲ.. ကိုယ်က ဘယ်လိုအရောင်နဲ့ဆို Lucky ဖြစ်မလဲ ကြည့်ရအောင်ပါ။
(၁) Aries
မိဿရာသီဖွားတွေဟာ မီးကို ကိုယ်စားပြုလို့ အနီရင့်ရင့်ဝတ်တာက သူတို့ရဲ့ ထက်သန်ပြီး အားကောင်းတဲ့စရိုက်နဲ့ အကောင်းဆုံးလိုက်ဖက်ပါတယ်။ ငြိမ်းချမ်းအေးမြမှုကို ဆောင်ချင်ရင် အဖြူ ၊ ပန်းရောင်နဲ့ အဝါရောင်တို့ကိုလည်း ဝတ်ဆင်နိုင်ပါတယ်။ ရှောင်ရမယ့် အရောင်တွေကတော့ အပြာနဲ့အနက်တို့ ဖြစ်ပါတယ်။
(၂) Taurus
ပြိဿဖွားတွေဟာ မြေဓါတ်ကို ကိုယ်စားပြုပြီး ပန်းရောင် ၊ ခရမ်နဲ့ အဖြူရောင်တွေ ဝတ်တာဟာ သူတို့ရဲ့ တည်ငြိမ်မှုနဲ့ အေးဆေးခြင်းကို ပိုပြီး ပံ့ပိုးပေးနိုင်ပါတယ်။ ပြိဿဖွားတွေကို ကံကောင်းစေတဲ့ အရောင်တွေထဲမှာ အစိမ်းရောင်နဲ့ မြေဆန်တဲ့ အညိုရောင်တွေလည်း ပါဝင်ပါတယ်။ ရှောင်ရမယ့်အရောင်ကတော့ အနီရောင်ပါ။
(၃) Gemini
မေထုန်ဖွားတွေဟာ လေဓါတ်နဲ့ လာပြီး ဖန်တီးမှုကောင်းတဲ့စရိုက်ပိုင်ရှင်တွေ ဖြစ်တတ်ပါတယ်။ သူတို့အတွက် အစိမ်းရောင်ဟာ အကောင်းမြင်မှုနဲ့ အောင်မြင်ခြင်းတွေ ယူဆောင်ပေးနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ မင်္ဂလာရှိတဲ့ အရောင်တွေထဲမှာ အဝါ ၊ ပန်းရောင်နဲ့ အဖြူတို့လည်း ပါပြီး ရှောင်ရမှာက အပြာနဲ့ အနီရောင်တို့ ဖြစ်ပါတယ်။
(၄) Cancer
ကရကဋ်ဖွားတွေဟာ လဓါတ်အုပ်စိုးနေပြီး အပြာရောင် ၊ ပင်လယ်စိမ်းရောင် ၊ နို့နှစ်အဖြူတို့နဲ့ လိုက်ဖက်ပါတယ်။ အဝါရောင်ကိုလည်း ကရကဋ်ဖွားတွေအတွက် ထိုးထွင်းသိမြင်နိုင်စွမ်း ကြိုတင်ခန့်မှန်းနိုင်မှုတွေကို ပေးရာမှာ အထောက်အကူပြုတဲ့အရောင်အဖြစ် ယူဆထားပါတယ်။ အနက်ရောင်ကိုတော့ ရှောင်ရမှာပါ။
(၅) Leo
သိဟ်ရာသီဖွားတွေဟာ နေက အုပ်စိုးပြီး မီးဓါတ်သမားတွေ ဖြစ်လို့ ပေါ်လွင်ထင်ရှားတာ ၊ လူတွေအာရုံစိုက်တာကို နှစ်သက်တာတွေက သူတို့သဘာဝပါ။ အရောင်ကိုလည်း လိမ္မော်ရောင်ဟာ သူတို့စရိုက်နဲ့ လိုက်ဖက်ပြီး ကံကောင်းစေတဲ့အရောင်အဖြစ် ဝတ်ဆင်သင့်ပါတယ်။ တခြားအရောင်တွေအနေနဲ့ ခရမ်းနဲ့ အနီရောင်တွေ ဝတ်နိုင်ပါတယ်။ ဖျော့တော့တဲ့အရောင်တွေတော့ မဝတ်ဘဲ ရှောင်သင့်ပါတယ်။
(၆) Virgo
ကန်ရာသီဖွားတွေအတွက် သိပ်မတောက်ပတဲ့ ခပ်ဖျော့ဖျော့ အပြာ ၊ ပန်းဖျော့ကာလာတွေ ၊ အစိမ်းရောင်သန်းတဲ့ ကာလာတွေ ဝတ်သင့်ပါတယ်။ အနီရောင်ကိုတော့ ရှောင်ရမှာ ဖြစ်ပါတယ်။
(၇) Libra
တူရာသီခွင်တွေအတွက် အပြာလွင်လွင် ၊ အဖြူ ၊ ပန်းရောင်နဲ့ နည်းနည်းတောက်ပတဲ့ ကာလာတွေ ဆင်သင့်ပါတယ်။ ကန်ရာသီခွင်တွေလိုပဲအနီရောင်ကို ရှောင်ကြဉ်သင့်ပါတယ်။
(၈) Scorpio
ဗြိစ္ဆာသမားတွေဟာ ခံစားမှုမြင့်မားတဲ့လူတွေ ဖြစ်ပြီး နီညိုရောင် ၊ မရမ်းရောင် ၊ အနီ ၊ အစိမ်းနဲ့ အနက်ရောင်တွေက သူတို့နဲ့ လိုက်ဖက်ပြီး အပ်စပ်မှုရှိတဲ့ အရောင်တွေ ဖြစ်ပါတယ်။ ရှောင်ရမှာက အရောင်ဖျော့အရောင်မှိန်တွေပဲ ဖြစ်ပါတယ်။
(၉) Sagittarius
ဓနုဖွားတွေဟာ လူချစ်လူခင်အများဆုံးပုဂ္ဂိုလ်တွေထဲမှာ ပါပါတယ်။ ဉာဏ်ထက်ပြီး ဖော်ရွေမှုရှိတဲ့လူတွေလည်း ဖြစ်ပါတယ်။ သူတို့အတွက် အဝါရင့်ရင့်နဲ့ လိမ္မော်ရောင်တွေ ၊ နို့နှစ်ရောင် ၊ အစိမ်းနဲ့ အဖြူရောင်တွေက ကံကေင်းစေတဲ့ အရောင်တွေပါပဲ။ အပြာရောင်ကိုတော့ ရှောင်ဖို့ လိုပါတယ်။
(၁၀) Capricorn
မကာရတွေအတွက် ကာကီ နဲ့ အညိုရောင်တွေက ကံကောင်းစေတဲ့ အရောင်တွေပါ။ အနက်ရောင် ၊ ခရမ်းရောင် ၊ အစိမ်းရင့်ရောင်တွေလည်း ဝတ်ဆင်သင့်ပြီး အနီနဲ့ အဝါတွေကိုတော့ ရှောင်ကြဉ်ရမှာပါ။
(၁၁) Aquarius
ကုံရာသီဖွားတွေအတွက် ခရမ်းရောင် ၊ မရမ်းရောင်နဲ့ အပြာရောင်တွေက သူတို့ရဲ့ စရိုက်နဲ့ လိုက်ဖက်မှုရှိပါတယ်။ အဖြူနဲ့ တောက်တောက်ပပအရောင်တွေကိုလည်း ကံကောင်းစေတဲ့အရောင်တွေအဖြစ် သတ်မှတ်ထားပါတယ်။ ရှောင်ရမယ့်အရောင်တွေကတော့ အစိမ်းရောင် ဖြစ်ပါတယ်။
(၁၂) Pisces
မိန်ဖွားတွေအတွက် အဝါရောင်နဲ့ လိမ္မော်ရောင်က အကောင်းဆုံးဖြစ်ပါတယ်။ အဖြူနဲ့ပန်းရောင်တွေကိုလည်း မိန်ရာသီခွင်တွေအတွက် ကံကောင်းစေတဲ့အရောင်တွေလို့ သတ်မှတ်ထားပြီး တောက်ပတဲ့အရောင်တွေ ၊ အစိမ်းနဲ့ မရမ်းရောင်တွေ ရှောင်ပေးဖို့ လိုပါတယ်။