မိန်းမဆန်တဲ့ Coffin လက်သည်းပုံစံတွေက အခုနောက်ပိုင်းခေတ်စားလာနေတာမလို့ Coffin လက်သည်းပုံစံထားတဲ့ ပျိုမေတွေအတွက် Coffin လက်သည်းပုံစံနဲ့လိုက်တဲ့ ပုံစံတချို့ကို ဝေမျှပေးချင်ပါတယ်။

အသားရောင်နဲ့အနီးစပ်ဆုံး Nude အရောင်လေးကလည်း ဘယ်လိုလက်သည်းပုံစံနဲ့မလို လိုက်တဲ့အရောင်ပါ။

</a30

မိန်းကလေးဆန်တာမျိုးကြိုက်ရင် ဒီလို လက်သည်းအကြည်လေးပေါ်မှာ ပန်းလေးတွေ ပုံဖော်ကြည့်ပါ။

ဒီလိုပန်းနုရောင်လေးကလည်း မိန်းကလေးဆန်တဲ့အရောင်ပါပဲ။

အနက်ကိုမှ ဒီလို ဘလင်းဘလင်းလေးထည့်ဆိုးတာလည်း တမျိုးလေး အထာကျပါတယ်။

အညိုရောင်ကနေ လိမ္မော်ရောင်ကို တဖြည်းဖြည်းပြောင်းသွားသလို ရောဆိုးတာကလည်း အမြင်တမျိုးဆန်းစေပါတယ်။

Valentine’s Day ချစ်သူနဲ့ Date တဲ့အခါမျိုးဆို ဒီလိုပုံစံလေးက ရင်ခုန်စရာဒီဇိုင်းလေးပါပဲ။

Dark Brown အရောင်လေးကတော့ အထာကျတဲ့ကောင်မလေးတွေနဲ့ အရမ်းလိုက်တဲ့အရောင်ပါ။

ဘယ်လိုလက်သည်းပုံစံနဲ့မဆို လိုက်တဲ့ French manicure ကိုတော့ ချန်ခဲ့လို့မရပါဘူး။

လူငယ်ဆန်တဲ့ ဒီလို Creamy အဖြူကလည်း ရှင်းရှင်းလေးနဲ့ လက်သည်းအလှကို ပေါ်စေပါတယ် ။

Coffin လက်သည်းနဲ့လိုက်တဲ့အရောင်တွေထဲမှာ ဒီလို အပြာရောင်တောက်တောက်လည်း ပါပါတယ် ။