ဒီတစ်ခေါက်မှာတော့ စိုပြေဝင်းလဲ့တဲ့အသားအရေပိုင်ဆိုင်ဖို့ သဘာဝပစ္စည်းတွေနဲ့ပဲ ပေါင်းတင်နိုင်မယ့်နည်းလမ်းတစ်ခုကို ဝေမျှလိုပါတယ်။ ကော်ဖီမှုန့်နဲ့ပေါင်းတင်နည်းက အသားအရေအမျိုးအစားတိုင်းနဲ့ သင့်တော်ပါတယ်။ ချောမွေ့ပြီး စိုပြေတဲ့အသားအရေကို ပိုင်ဆိုင်လာမှာမလွဲပါပဲ။ လိုအပ်တဲ့ပစ္စည်းတွေကတော့

  • ကော်ဖီမှုန့် တစ်ဇွန်း
  • ဒိန်ချဉ်တစ်ဇွန်း
  • ပျားရည် ဇွန်းဝက်

ပြုလုပ်ပုံ

ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခွက်ထဲ မွှေထည့်လိုက်ပါ။ အနှစ်လေးရတဲ့အထိ မွှေပေးပါ။ ဒီခရင်ကို စသုံးလို့ရပါပြီ။

စက်ဝိုင်းပုံစံနဲ့ ဆယ်မိနစ်ကြာ ဒီခရင်ကို မျက်နှာမှာလိမ်းပေးပါ။ ပြီးနောက်ဆေးချပြီး မျက်နှာသုတ်ပေးပါ။

ကော်ဖီမှုန့်က မျက်ကွင်းညိုတာ၊ ဝက်ခြံပြဿနာတွေကို သက်သာစေပြီး တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။ ကော်ဖီက ပျက်စီးတဲ့အသားအရေကို ပြန်ကောင်းမွန်စေပါတယ်။

ဒိန်ချဉ်ကတော့ ခြောက်သွေ့တဲ့အသားအရေကို စိုပြေစေပါတယ်။ ပျားရည်က အံ့မခန်း အစိုဓာတ်ထိန်းပစ္စည်းတစ်မျိုးပါ။ ဒါကြောင့် ဒီခရင်က ကိုယ့်အသားအရေကို နုပျိုစိုပြေစေပါတယ်။