ခေါင်းကိုက်တဲ့ဝေဒနာဆိုတာ မမြင်ရပေမယ့်ခံစားနေရတဲ့လူအဖို့ကတော့ တော်တော်လေးခံရခက်ပါတယ်။ တစ်နေကုန်ရှုပ်ထွေးလှတဲ့အလုပ်တွေ၊ စဉ်းစားရတဲ့ဟာတွေ လူတွေဆိုတာကလည်း ပြဿနာပေါင်းသောင်းခြောက်ထောင်ရှိတဲ့ အမျိုးတွေပါ။ ခေါင်းကိုက်တာဖြစ်ဖြစ်၊ ခေါင်းတစ်ခြမ်းကိုက်တာ ဖြစ်ဖြစ်ခံစားနေရပြီဆိုရင် ဆေးတွေသောက်တာတော့ သက်သာမဲ့နည်းလမ်းတွေကြံဖန် လုပ်တတ်ကြပါတယ်။ ကော်ဖီကြိုက်တဲ့သူတွေကလည်း ခေါင်းတွေအရမ်းကိုက်နေပြီဆိုရင် ကော်ဖီသောက်လိုက်ရင် သက်သာသွားတယ်လို့ပြောလေ့ပြောထ ရှိကြပါတယ်။ တကယ်ရော ကော်ဖီသောက်ရင် ခေါင်းကိုက်တာ သက်သာစေနိုင်လား။

ကော်ဖီက Caffeine ဓာတ်က ကျုံသွားတဲ့သွေးကြောလေးတွေကို ပြေလျောသွားအောင်လုပ်ပေးနိုင်ပြီး တင်းမာနေတဲ့သွေးကြောတွေရဲ့ ဘေးနားကကြွက်သားတွေကိုပါ ပြေလျောပေးနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ရင် ခေါင်းကိုက်တဲ့ဝေဒနာကိုသက်သာစေတယ်လို့ထင်တတ်ကြပါတယ်။ တစ်ခုသိထားသင့်တာက ကော်ဖီကိုကိုက်ခဲတာသက်သာစေချင်တဲ့စိတ်နဲ့ သောက်တာများသွားရင် ကြွက်သားကိုထိခိုက်စေနိုင်ပါတယ်။ ကော်ဖီသောက်ခြင်းကတော့ ခေါင်းကိုက်တဲ့ဝေဒနာကို  ဖြေရှင်းပေးနိုင်တဲ့ မှန်ကန်တဲ့နည်းလမ်းတော့ မဟုတ်ပါဘူးနော်။

Photo Source – Free.pik