ဝက်ခြံနဲ့ တင်းတိပ် မှဲ့ခြောက်တွေက သင့် မျက်နှာကို အလှဖျက်နေတဲ့ တရားခံတွေပါပဲ။ လူတိုင်း ဝက်ခြံပေါက်ဖူးပေမယ့် မှန်ကန်တဲ့ကုသနည်းကိုတော့ လူတိုင်းအသုံးမပြုကြပါဘူး။ အချို့ကလည်း ထိုဝက်ခြံပြဿနာကို ဖြေရှင်းဖို့အတွက် ဆေးဝါးများကို မှီဝဲကြပါတယ်။ ထိုဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း တစ်ချိန်မှာ အလူးအလဲပြန်ခံစားကြရပါတယ်။

ဒါ့ကြောင့် ဝက်ခြံကုသဖို့အတွက် သဘာဝနည်းလမ်းတွေကို အသုံးပြုခြင်းက ဘေးအကင်းဆုံးပဲဖြစ်ပါတယ်။

ဝက်ခြံကုသရာမှာ အုန်းဆီထက် ဘယ်အရာက ပိုဘေးကင်းနိုင်မလဲ။

ဟုတ်ပါတယ်။ အုန်းဆီက အလှအပအတွက် ဘေးအကင်းဆုံးနဲ့ အထောက်အကူအပြုဆုံး သဘာဝပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ အုန်းဆီနဲ့ ဘယ်လိုပေါင်းတင်နိုင်မလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အုန်းဆီနဲ့ မုန့်ဖုတ်ဆိုဒါ

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဝက်ခြံပေါက်တဲ့နေရာမှာ ထိုအနှစ်လေးကို လိမ်းပေးလိုက်ပါ။ သင့် လက်ချောင်းလေးများဖြင့် ထိုနေရာကို ၅ မိနစ်မှ ၁၀ မိနစ်ခန့် အထိ နှိပ်နယ်ပေးလိုက်ပါ။

မိနစ် ၃၀ ခန့် ဒီအတိုင်းထားထားလိုက်ပါ။ အချိန်ပြည့်မှ ရေအေးလေးနဲ့ ဆေးကြောပေးရပါမယ်။ ဝက်ခြံမြန်မြန်ပျောက်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို တစ်ပတ်မှ ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

အုန်းဆီနဲ့ Tea Tree Oil

လိုအပ်မယ့် ပစ္စည်းတွေကတော့ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ Tea Tree Oil ၂ စက်၊ ၃ စက်ခန့် လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းများကို ဖန်ပုလင်းထဲတွင် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဝက်ခြံပေါ်မှာ အစက်ချပြီးနောက် နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀ ကြာမှ ရေအေးလေးနဲ့ ရေဆေးချလိုက်ရပါမယ်။ ဒီနည်းလမ်းလေးကိုတော့ တစ်ရက်ခြားတစ်ခါ ပြုလုပ်ပေးရပါမယ်။

အုန်းဆီနဲ့ ရှားစောင်းလက်ပတ်ဂျယ်

ဖန်ပုလင်းတစ်လုံး၊ လတ်ဆတ်သော ရှားစောင်းလက်ပတ်ဂျယ် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ အရင်ဦးဆုံး ရှားစောင်းလက်ပတ်ဂျယ်ကို ချေပေးလိုက်ပါ။ ပြီးရင် အုန်းဆီနဲ့ ရောနှောပြီးနောက် ဖန်ပုလင်းထဲထည့်လိုက်ပါ။

ဝက်ခြံပေါက်တဲ့နေရာပေါ်သို့ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ကြာမှ ရေအေးနဲ့ ရေဆေးချလိုက်ပါ။ ရှားစောင်းလက်ပတ်ဂျယ်လ်က ဝက်ခြံကြောင့် ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပြီး အသားအရေကို အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးမှာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

Source: Stylecraze.com

By MyStyle Myanmar