အဝတ်အစားကောင်းလေး ဝတ်လို့မှ အားမရသေးဘူး စုတ်ပြဲသွားပြီဆိုရင် အကြောင်းတစ်ခုခုတော့ ရှိမှာပါ။ အဝတ်အစားကိုက အသားမကောင်းလို့လား။ ကိုယ်ကပဲ မထိန်းသိမ်းတတ်လို့လား။

(၁) အဝတ်လျှော်စက်ထဲမှာ တနင့်ကြီး ထိုးထည့်လျှော်တာ

Source: Good Housekeeping

အဝတ်အစား လျှော်ရာ ဖွပ်ရာမှာ လက်နဲ့ လျှော်တယ်ဆိုရင်လည်း ဆပ်ပြာမပြောင်တာကြောင့် အဝတ်အစားတွေ ဆွေးရိတတ်သလို အဝတ်လျှော်စက်နဲ့လျှော်ချိန်မှာလည်း စက်ထဲ အပြည့်အသိပ်ထည့် လျှော်မယ်ဆိုရင် ချေးညှော်တွေ ပြောင်မှာ မဟုတ်ပါဘူး။ စက်ရဲ့ လည်ပတ်တဲ့ပုံစံ Spinning Cycles လည်း ခက်ခဲသွားလို့ အထဲက အဝတ်အစားတွေ အချိန်မတိုင်ခင် ပျက်စီးဖို့ ဖြစ်သွားတတ်ပါတယ်။

(၂) အခြောက်ခံစက်ကို အသုံးလွန်တာ

Source: In The Wash

ပုံမှန်နေရောင်ခြည်မှာ ဖြစ်စေ အခြောက်ခံစက်ထဲမှာ အဝတ်တွေ အခြောက်ထားတာဖြစ်စေ လိုတာထက် ပိုပြီး အချိန်မကြာစေဖို့နဲ့ အလွန်အကျွံ မသုံးဖို့လိုပါတယ်။ တကယ်လို့ ကိုယ့်အိမ်မှာ နောက်ဖေးခြံနေရာလို နေရာလွတ်တစ်ခုခု ရှိတယ်ဆိုရင် အဝတ်လှမ်းစင်လေးနဲ့ သဘာဝအတိုင်း လှမ်းသင့်ပါတယ်။

(၃) မီးပူတိုက်ရာမှာ သတိမထားမိတာ

Source: The Sun

အမျိုးသားတိုင်း မီးပူမထိုးတတ်ပါဘူး။ တစ်ခါတစ်လေ ဂျင်းသားကို မီးပူထိုးအတိုင်းအဆနဲ့ရှပ်အင်္ကျီကို သွားထိုးတာကြောင့် အဝတ်အစား မီးကျွမ်းတာတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကလည်း မီးပူကို ကောင်းကောင်း မသိမ်းထားမိဘဲ မီးပူပြားမှာ တစ်ခုခု ပေနေချိန် အဝတ်အစားကို မီးပူထိုးမိတာတွေလည်း ဖြစ်တတ်တာကို သတိထားဖို့ လိုပါတယ်။

(၄) အချိန်မီချုပ်

Source: ThreadCurve

တော်တန်ရုံ ကြယ်စေ့လေးတစ်လုံး မရှိတာတို့ ၊ အပြဲသေးသေးလေးတို့ကို ချက်ချင်းချုပ်မယ်ဆိုရင် မလိုအပ်ဘဲ ငွေလည်းမကုန် ၊ အင်္ကျီလည်း ဆုံးမှာ မဟုတ်ပါဘူး။

(၅) အစွန်းပေတဲ့အခါ ချက်ချင်း မလျှော်မိတာ

Source: The Spruce

ဘောင်းဘီ ၊ အင်္ကျီပေါ် တစ်ခါတစ်လေ ကော်ဖီခွက်မှောက်ကျတာတွေ ကြုံဖူးမှာပါ။ ဒီလိုဖြစ်လာရင် ဘေစင်ကိုသွားပြီး ချက်ချင်း ရေနည်းနည်းနဲ့ လျှော်ပြီး မျက်နှာသုတ်ပုဝါတို့၊ တစ်သျှူးတို့နဲ့ သုတ်ပစ်သင့်ပါတယ်။ ဒီလိုအစွန်းတွေက ကြာရင် စွဲသွားတာပါ။ အစွန်းပေနေချိန်မှာ ဆားနည်းနည်းနဲ့ ချွတ်တာ ၊ Lemon juice နဲ့ ချွတ်တာတို့ လုပ်နိုင်ပါတယ်။