ဝတ်စားဆင်ယင်မှု မှားယွင်းခြင်းတွေဟာ တစ်ခါတစ်လေ သတိမထားမိတဲ့အချိန်တွေမှာ ဖြစ်ပွားတတ်ပြီး သင့်ကို သက်တောင့်သက်သာ မရှိစေရုံသာမက ခန္ဓာကိုယ်ကျန်းမာရေးအပေါ်မှာပါ ဆိုးရွားတဲ့သက်ရောက်မှုတွေဖြစ်လာတတ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် အမျိုးသမီး အများစုဟာ သူတို့နှစ်ပေါင်းများစွာပြုလုပ်လာခဲ့မိတဲ့ ဘရာဝတ်ဆင်မှုပုံစံဟာ မှားယွင်းနေတယ်ဆိုတာကို သိခဲ့ရတာမျိုးပါ။ ဒီလိုမျိုး အမှတ်တမဲ့ ပြုလုပ်မိတဲ့ အပြုအမူက ဇက်ကြော၊ နောက်ကျော၊ ပုခုံးတွေမှာ နာကျင်မှုတွေဖြစ်လာစေနိုင်သလို အသားအရေကိုပါ ပွန်းပဲ့လာစေပါတယ်။ ဒါပေမယ့်လည်း နည်းမှန်လမ်းမှန်ကို ဒီ့ထက်နောက်မကျဘဲ စောစောစီးစီး သိထားမယ်ဆိုရင်တော့ ဒီလိုအမှားတွေကို အချိန်မလွန်ခင် ကြိုတင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

၁။ ဘရာဝတ်ဆင်ပုံမှားယွင်းခြင်း

အမှား – နောက်ကျောက ဂျိတ် ချိတ်ရတဲ့ ဘရာကြိုးက တတန်းတည်းရှိမနေဘဲနဲ့ အပေါ်ကိုတွန့်နေတာမျိုးပါ။

အကြောင်းအရင်း – သင်ဝတ်ထားတဲ့ဘရာက သင့်ခန္ဓာကိုယ်ဆိုဒ်နဲ့ကွက်တိမကျဘဲ အရမ်းကြီးနေတာမျိုးဖြစ်နိုင်ပါတယ်။ သင့်တင့်လျှောက်ပတ်တဲ့ ထောက်ပံ့မှုမျိုးမရှိခြင်းက ပုခုံးနဲ့နောက်ကျောနာကျင်မှုကို ဖြစ်လာစေနိုင်ပါတယ်။

နည်းလမ်းအမှန် – ကိုယ့်ဆိုဒ်က ဘယ်လောက်ရှိလဲဆိုတာကို သေချာတိုင်းထွာပြီးတော့ ဝတ်လိုက်တဲ့အခါ အနောက်ကကြိုးက တန်းတန်းဖြစ်နေမယ့် အမျိုးအစားကိုရှာဝယ်ပါ။

၂။ ဘရာအမျိုးအစား ရွေးချယ်မှုမှားခြင်း

အမှား – ကိုယ့်ရဲ့ရင်သားဆိုဒ်နဲ့ ကွက်တိမကျတဲ့ ဘရာစီယာ ခွက်ပုံစံကို ဝယ်ဝတ်ခြင်း

အကြောင်းအရင်း – ကိုယ့်ဆိုဒ်နဲ့ အံဝင်ခွင်ကျမရှိတဲ့ ဘရာစီယာမျိုးတွေက သင့်ရင့်သားကို ကောင်းကောင်းထောက်ပံ့မှုပေးနိုင်မှာမဟုတ်ပါဘူး

နည်းလမ်းအမှန် – အကယ်လို့ သင့်ရင်သားက လုံးလုံးဝန်းဝန်း သို့မဟုတ် အရွယ်အစားကြီးကြီး သို့မဟုတ် ပြည့်ပြည့်လုံးလုံးဆိုရင်တော့ ရင်အုံအပြည့် ဘရာစီယာကိုဝယ်ဝတ်ပါ။ ဒါမှမဟုတ် ကိုယ်က Teardrop သို့မဟုတ် Armpit Rolls ပုံစံမျိုးဆိုရင်တော့ Plunge ဘရာစီယာတွေက ပိုပြီးသင့်တော်ပါတယ်။ Balconettes တွေကတော့ အနေတော်ဆိုဒ်ရှိတဲ့ ရင်သားပိုင်ရှင်များအတွက်ပါ။

၃။ ကိုယ့် Shape နဲ့မကိုက်တဲ့ အတွင်းခံကိုဝတ်မိခြင်း

အမှား – ကိုယ့်ရဲ့ Shape က ဘယ်လိုပုံစံထဲပါသလဲဆိုတာကို အရင်ဆုံးမလေ့လာဘဲ အဆင်ပြေတာကောက်ဝယ်ဝတ်ခြင်း

အကြောင်းအရင်း – ဒီလိုဝတ်မိခြင်းက သက်တောင့်သက်သာမရှိစေတာမျိုး သို့မဟုတ် လူမြင်မကောင်းတာမျိုးကို ဖြစ်စေပါတယ်။

နည်းလမ်းအမှန် – တင်ပြားတဲ့ပျိုမေတို့ကတော့ Boy Shorts, Bikinis, Tangas, နဲ့ Thongs တို့ကို ဝတ်ဆင်နိုင်ပါတယ်။ V-shape တင်ပုံစံ ပျိုမေများအနေနဲ့ Briefs, Boy Shorts, Hipsters တို့ကို ရွေးချယ်ပါ။ A ပုံစံတင်ပါးနဲ့ သစ်တော်သီး Shape အမျိုးသမီးများကတော့ Tangas, Bikinis တွေနဲ့ ဆွဲဆန့်လို့လွယ်တဲ့ အသားနဲ့လုပ်ထားတဲ့ Boy Shorts တွေက သက်တောင့်သက်သာရှိစေပါလိမ့်မယ်။ လုံးဝန်းတဲ့ တင်ပါးပိုင်ရှင်များကတော့ Tangas, Thongs, Briefs, Boy Shorts တို့ကို ဝတ်ပေးနိုင်ပါတယ်။

၄။ ကြယ်သီးတွေကြားမှ ဟသွားစေလောက်တဲ့အထိ အရမ်းကြပ်လွန်းတဲ့ ရှပ်အကျီဝတ်ဆင်ခြင်း

အကြောင်းအရင်း – ဝတ်ဆင်ထားသူကို သက်တောင့်သက်သာမရှိစေသလို အသက်ရှူရတာလည်းကြပ်စေပြီး မတော်တဆ ကြယ်သီးပြုတ်သွားရင် အခက်တွေ့နိုင်ပါတယ်

နည်းလမ်းအမှန် – ကြယ်သီးတစ်လုံးနဲ့တစ်လုံးကြားမှာ ဘာလစ်ဟမှုမှမရှိစေဘဲ သပ်သပ်ရပ်ရပ်ဖြစ်စေတာမျိုးကို ဝတ်ဆင်ပါ။

၅။ ချွန်ထက်တဲ့ Accessories များဝတ်ဆင်ခြင်း

ချွန်ထက်တဲ့ Accessories တွေကို သိုးမွှေးအကျီတွေနဲ့ဝတ်ဆင်ခြင်းက ငြိတွယ်ခြင်းတွေကို ဖြစ်စေပါတယ်။ သည့်အတွက် ကိုယ်ဝတ်မယ့်အဝတ်အစား အမျိုးအစားကို အရင်ဆုံးတွေးပြီးမှ Accessories ကိုရွေးချယ်ခြင်းက အဝတ်အစားပျက်စီးခြင်းမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၆။ အရမ်းကြပ်တဲ့ဘောင်းဘီတွေဝတ်ခြင်း

ကိုယ်နဲ့ဘယ်လိုမှ မတော်တဲ့ ဘောင်းဘီတွေကို အတင်းလျှိုပြီးဝတ်ဖို့ကြိုးစားခြင်းက အစာမကြေခြင်း သို့မဟုတ် ရင်ပူခြင်းတွေကို ဖြစ်လာစေနိုင် ပါတယ်။ ဒါကြောင့် ကိုယ်ဝတ်ထားတဲ့ဘောင်းဘီက ကြပ်မကြပ်သိချင်တယ်ဆိုရင် ဘောင်းဘီဝတ်ပြီးလို့ ကြယ်သီးတပ်၊ ဇစ်ဆွဲပြီးနောက် ဘောင်းဘီနဲ့ ကိုယ်နဲ့ကြားမှ လက်ချောင်းနှစ်ချောင်းထည့်ကြည့်လိုက်ပါ။ ထည့်လို့မရဘူးဆိုရင် ဆိုဒ်ကြီးတစ်ခုကို ရွေးဝတ်ပါ။

Source: BrightSide