မင်္ဂလာပါ စာဖတ်ချစ်သူတို့ရေ။ အဝတ်အစားဆိုတာဟာ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေကို ဖုံးဖိပြီး အားသာချက်တွေကို ဖော်ကျူးတယ်၊ ပိန်တယ် ဝတယ်၊ အရပ်ပုတယ် တိုတယ် စတဲ့ ပုံပန်းသဏ္ဍာန်တွေကို ပြောင်းလဲပစ်လိုက်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်နော်။

ဒါပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ သေချာမဝတ်ဆင်တတ်ဘူးဆိုရင် ဘယ်လောက်ပဲလှပါတယ်ဆိုတဲ့ မော်ဒယ်လ်တွေရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို ကြည့်ရဆိုးသွားစေနိုင်ပါတယ်။ ကဲ…ဒါဆိုရင် မိန်းကလေးတိုင်း ရှောင်ရှားသင့်တဲ့ ဝတ်စားဆင်ယင်နည်းလမ်း အမှားတွေကို အခုပဲဖော်ပြပေးလိုက်ပြီနော်။

၁။ ခေါင်းလောင်းဘောင်းဘီအပွတွေ

ခေါင်းလောင်းဘောင်းဘီအပွတွေက ခြေထောက်ကို ပိုတိုတယ်ထင်ရစေပြီး ခန္ဓာကိုယ်ကို ကြိဂံပုံစံနဲ့ တူသွားစေနိုင်ပါတယ်။

၂။ ခါးစည်းမပါတဲ့ ဂါဝန်များ

ခါးစည်းမပါဝင်တဲ့ ဂါဝန်အပွတွေဝတ်တာဟာ သဲအိတ်ကြီးနဲ့တူစေပြီးတော့ ပိန်တဲ့သူတွေကိုပါ ကြည့်ရဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ခါးမှာအစည်းပါပြီးတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေတဲ့ ဂါဝန်လေးတွေဝတ်ဆင်ပါ။

၃။ အစင်းကြောင်းနဲ့ ဘောင်းဘီများ

အစင်းကြောင်းပါတဲ့ ဘောင်းဘီတွေဟာ တင်နားကနေ ကျယ်ပြန့်သွားပြီးတော့ ခန္ဓာကိုယ်ကို ပိုပြီးကြီးသယောင်ထင်ရစေနိုင်ပါတယ်။ ဒါကြောင့် ဘောင်းဘီအကြပ်ဝတ်မယ်ဆိုရင် အစင်းပါတာတွေ ရှောင်ရှားပါ။

၄။ ပြောင်လက်လက်အဝတ်အစားတွေ

အင်္ကျီပြောင်လက်လက်ဝတ်ထားတဲ့ မိန်းကလေးရဲ့ ပုံသဏ္ဍာန်ဟာ အခြားလူရဲ့အမြင်မှာ တိုက်ပွဲဝင်မယ့် စစ်သူကြီးတစ်ယောက် သံချပ်ဝတ်ထားသလိုပါပဲ။ ဒါကြောင့် လူကြားထဲမှာ ထင်ရှားပေါ်လွင်နေစေဖို့အတွက် အရောင်တောက်တောက် စာတန်း၊ ဓာတ်ပုံ၊ ကာတွန်း စတာတွေပါတဲ့ ဘလောက်စ်အင်္ကျီလေးတွေ ဝတ်ဆင်ပါ။

၅။ ဆန့်ကျင်ဘက်အရောင်တွေ

အပေါ်တစ်ရောင် အောက်တစ်ရောင်ဝတ်ဆင်ခြင်းက ခါးကနေ တင်အထိ ခန္ဓာကိုယ်ကို ထောင့်မှန်စတုဂံအတိုင်း ခွဲချလိုက်ပြီးတော့ ကြည့်ရဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် တစ်ရောင်တည်းမဟုတ်ရင်တောင်မှ အတန်ငယ်ဆင်တူနိုင်မယ့် အရောင်လေးတွေရွေးချယ်ဝတ်ဆင်ပါ။

၆။ အရမ်းပွတဲ့အဝတ်အစားတွေ

တီရှပ်၊ ဆွယ်တာနဲ့ ဂျက်ကတ်အကြီးကြီးတွေ ဝတ်ဆင်တာဟာ လျှောက်လှမ်းပေါ်က မော်ဒယ်လ်တွေအတွက်တော့ အမြင်လှနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာ ဝတ်မယ်ဆိုရင်တော့ လူဝံကြီးနဲ့တူသွားစေနိုင်ပါတယ်။

၇။ အရောင်မှိန်မှိန် ဂျင်းဘောင်းဘီတွေ

အရောင်မှိန်နေပြီဖြစ်တဲ့ ဂျင်းဘောင်းဘီတွေဝတ်တဲ့အခါ တင်ပါးပိုကြီးလာပြီး လူလည်းဝဝကြီးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဂျင်းပြာရောင်ရှိတဲ့ ဘောင်းဘီတွေသာ ရွေးချယ်ပါ။

Source: BrightSide