သင်က ဓာတ်ပုံရိုက်တဲ့အချိန် တစ်ကိုယ်လုံးစာ ပုံထဲ ပါတာကို သဘောမကျသူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ တစ်ကိုယ်လုံးစာ ပါမယ်ဆိုရင်တော့ ကင်မရာအနေအထားက ပိုဝေးသွားပြီး သင့်ရဲ့ ကိုယ်နေဟန်ထားကိုလည်း ပိုသတိထားရပါတယ်။ ဒါပေမဲ့ အနီးကပ် ဓာတ်ပုံလေးတွေက သင့်မိတ်ကပ် Look ကို ပိုပေါ်စေပြီး ပိုလှနေစေပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ကိုယ်လုံး Ootd ပုံမျိုး မဟုတ်ဘဲ အနီးကပ်ပုံစံလေးကိုမှ ပိုလှသွားအောင် ဘယ်လို ပို့စ်ပေးနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

တစ်ဘက်က ပစ္စည်းတစ်ခုခု ကိုင်နေပြီး ကျန်တစ်ဘက်က ခေါင်းလေးကို ကိုင်ထားလိုက်တာက သင့်ကို ပိုအထာကျစေပါတယ်။

တစ်နေရာရာကို မှီကာ ကင်မရာဆီ မကြည့်ဘဲ တခြားဘက် ကြည့်နေတာက သဘာဝကျတဲ့ ပို့စ်စတိုင်ပါ။ လက်ပါ ပိုက်ထားနိုင်ပါတယ်။

ခါးထောက်ကာ ကင်မရာကို စောင်းပြီး ကြည့်နေတဲ့ စတိုင်က သင့်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေး အဖြစ် မြင်ရစေပါတယ်။

တစ်ခုခု လုပ်နေရင်းက ကင်မရာကို ရုတ်တရက် ကြည့်လိုက်တာက လျှပ်တပြတ် ဓာတ်ပုံရိုက်သလို ဖြစ်ကာ ကြည့်လို့လှပါတယ်။

လမ်းလျှောက်လာရင်း အောက်ဘက် ငုံ့ကြည့်ပြီး ပြုံးနေတာက ချစ်ဖို့ကောင်းပြီး သိပ်တောင် ပို့စ်ပေးစရာ မလိုတော့ပါဘူး။

ခန္ဓာကိုယ် ဘေးစောင်းလေးထားကာ ကင်မရာဆီ ကြည့်နေတာက သင့်ကို ချစ်ဖို့ကောင်းတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲစေနိုင်ပါတယ်။

ခါးထောက်ကာ ခေါင်းစောင်းပြီး မျက်လုံးလေး မှိတ်ကာ ရယ်နေတာက သင့်ကို တမူထူးခြားတဲ့ ပို့စ်မျိုး ပိုင်ဆိုင်စေပါလိမ့်မယ်။

လက်နှစ်ဘက်ကို စုထားပြီး ကင်မရာဆီ ကြည့်နေတာက တစ်ပိုင်းလောက်ပဲ ပုံထဲ ပါချင်သူတွေနဲ့ အဆင်ပြေပါတယ်။

ရယ်ပြီး ဆံပင်လေး လက်နဲ့ သပ်နေတာက သဘာဝကျပြီး ချစ်ဖို့ကောင်းတဲ့ ပို့စ်ပါ။

ဘာမှမလုပ်ဘဲ ဖုန်းကိုပဲ ကြည့်နေတဲ့စတိုင်ကို Ootd မဟုတ်တဲ့ Photo Shoot တွေမှာ သုံးနိုင်ပါတယ်။

တခြားဘက်ကို ရယ်ရင်း ကြည့်နေတဲ့ပို့စ်ကိုလည်း ပျိုမေတို့ ရွေးချယ်သင့်ပါတယ်။

သင်က တစ်ဝက်လောက်ပဲ ဓာတ်ပုံထဲ ပါချင်တယ်ဆိုရင် ဒီပို့စ်လေးကို လုပ်ကြည့်သင့်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar