ကလစ်ပန်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် ကလစ်ပန်တဲ့ ဆံပင်စတိုင်လ်အမျိုးမျိုးကို မျှဝေပေးလိုက်ပါတယ်။ အမြဲတမ်း ကလစ်ပန်ရင် ဆံပင်ထိပ်နှစ်ဖက်မှာပန်တာမျိုး၊ တစ်ဖက်တည်းပန်တာမျိုးတွေက ရိုးနေပါပြီ။ အပြောင်းအလဲဖြစ်အောင်၊ အမျိုးမျိုးပန်လို့ရအောင် ဒီဆံပင်စတိုင်လ်လေးတွေအတိုင်း ပြင်ဆင်ပြီး ပန်ကြည့်လို့ရတာပေါ့။

ဆံပင်ကိုအလယ်ခွဲပြီး ကလစ်ရောင်စုံလေးတွေကို ထိပ်နှစ်ဖက်မှာ ဒီလိုလေးပန်တာမျိုးက Fancy ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ လူငယ်စတိုင်လ်လေးပဲ ဖြစ်ပါတယ်။

ဆံပင်ကိုထုံးထားတဲ့အခါမှာလည်း လူငယ်ဆန်တဲ့ပုံစံလေးဖြစ်အောင် ကလစ်ပန်ချင်ရင် ဒီလိုလေးပန်လို့ရတယ်နော်။ ပိုပြီး Fancy ဆန်သွားအောင် ကလစ်ကိုအရောင်စုံလေး ၃ ခုလောက် ပန်ကြည့်ပါ။

ရိုးရိုးလေးနဲ့ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတာမျိုးပဲ ပန်ချင်တာဆိုရင်တော့ ဒီပုံစံလေးအတိုင်း ပန်ကြည့်ပါ။

ဆံပင်စည်းပြီးတော့ ဆံပင်ခွဲထားတာများတဲ့ဘက်မှာ ဒီလိုကလစ်လှလှလေး ၂ ခုကို ပန်တာမျိုးလည်း ရပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဆံပင်စတိုင်လ်လေးပါပဲ။ အရှေ့ဆံပင်တွေ သိမ်းချင်တဲ့အခါမှာလည်း ဒီလိုလေးပန်လို့ရတယ်နော်။

ဒီလိုကလစ်လှလှလေးတွေကို တစ်ဖက်ထဲမှာ အများကြီးပန်တာမျိုးကလည်း လှပတဲ့ ဆံပင်စတိုင်လ်လေးပါ။

ဆံပင်ကောက်ထားတဲ့သူတွေဆိုရင် ကလစ်ကို ဒီလိုလေးပန်ကြည့်ပါ။ လှပပြီး ချစ်ဖို့လည်းကောင်းပါတယ်။

အရှေ့ဆံပင်လေးတွေကို သိမ်းဖို့အတွက် ကလစ်အကြီးတစ်ခုထဲကို ဒီလိုလေးပန်တာလည်း ချစ်ဖို့ကောင်းပါတယ်။

ဆံထုံးကို သပ်သပ်ရပ်ရပ်နဲ့ ရိုးရှင်းတဲ့ပုံစံလေးထုံးပြီး ဒီလိုကလစ်လေးပန်တာမျိုးက တစ်မျိုးလေးဆန်းပြီး လှပပါတယ်။

ဒီလိုလေးကျစ်ဆံမြီးကျစ်ပြီး ကလစ်ပန်တာမျိုးက ဆန်းပြီးတော့လှပတဲ့ ဆံပင်စတိုင်လ်လေးပဲ ဖြစ်ပါတယ်။

တစ်ဝက်စည်းသလိုပုံစံလေးလုပ်ပြီး ကလစ်တပ်လို့လည်းရပါတယ်။

တစ်ဖက်ထဲမှာ ဒီလိုကလစ်တွေအများကြီးတပ်တာမျိုးက Fancy ဆန်ပြီး လှတာပါပဲ။

ဆံပင်ကိုအမြင့်ထုံးပြီးတော့လည်း ဒီလိုဘေးဘက်မှာ ကလစ်တွေအများကြီး တပ်လို့ရပါတယ်။

နောက်တစ်မျိုးအနေနဲ့ ဆံပင်ကိုအမြင့်ထုံးပြီး အနောက်ဘက်မှာ ဒီလိုကလစ်လှလှလေးတွေ အများကြီး ပန်လို့လည်းရပါသေးတယ်။

ဒီလိုဆံပင်စည်းပြီး ကလစ်ပန်တာမျိုးဆိုရင် ပွဲတက်အတွက်လည်း အဆင်ပြေပါတယ်။ လူငယ်ဆန်တဲ့ Fancy ဆန်ဆန် ပုံစံမျိုးလေး ဖြစ်ပါတယ်။

Photo source:www.pinterest.com