ဆံကေသာ တောက်ပြောင်သန်စွမ်းပြီး ကျန်းမာတဲ့ ဆံကေသာရရှိဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ အိပ်မက်တစ်ခုလို့ပြောရင်လည်း မမှားပါဘူး။ ဆံသားကောင်းမွန်ဖို့ သဘာဝနည်းလမ်းလေးလို့ပြောလိုက်တာနဲ့ အုန်းဆီကိုပါ တန်းမြင်မိကြမှာပါနော်။ အုန်းဆီက ဆံကေသာအတွက် တကယ့်ကို အကျိုးကျေးဇူးတွေ အများကြီးပေးစွမ်းနိုင်တဲ့ သဘာဝလက်ဆောင်မွန်တစ်ခုပါပဲ့။

ဒါကြောင့် ဒီတခါမှာတော့ အုန်းဆီကို ပေါင်းဆေးအဖြစ်အသုံးပြုပြီး ဆံကေသာ ခြောက်သွေ့ ကြမ်းတမ်းတာကို တိုက်ထုတ်ပေးနိုင်မယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

အုန်းဆီစားပွဲတင်ဇွန်း ၂ ဇွန်းကို ခွက်တစ်လုံးထဲထည့်လိုက်ပါ။

၂။ ရေနွေးပူပူကိုသုံးပါ။

ခွက်အကြီးတစ်လုံးထဲမှာ ရေနွေးပူပူကိုထည့်ပြီး အုန်းဆီထည့်ထားတဲ့ ခွက်သေးသေးကို အဲဒီခွက်အကြီးထဲထည့်လိုက်ပါ။

၃။ ဆံပင်ကို ပုံမှန်အတိုင်းလျှော်မယ်။

အုန်းဆီကို အပူပေးနေချိန်မှာ ဆံပင် ခေါင်းလျှော်ရည်နဲ့ ပုံမှန်အတိုင်းလျှော်ပေးလိုက်ပြီး ခြောက်အောင်ထားပါ။

၄။ အုန်းဆီကို နေရာနှံ့စပ်အောင် သေချာလိမ်းပေးပါ။

ဆံပင်အမြစ်ကနေ အဖျားထိ အုန်းဆီကို လိမ်းပေးပါ။ ခြောက်သွေ့နေတဲ့နေရာမှာ သေချာဂရုစိုက်ပြီး လိမ်းပေးပါ။

၅။ နှိပ်ပေးမယ်။

အုန်းဆီကို ဦးရေပြားနဲ့ ဆံကေသာပေါ် လိမ်းပေးပြီး လက်ချောင်းလေးတွေနဲ့ ညင်သာစွာနှိပ်ပေးပါ။

၆။ ခေါင်းဘီးကိုသုံးပါ။

ခေါင်းဘီးကျဲနဲ့ ဖြီးချလိုက်ပါ။

၇။ ဆံပင်ကို တဘက်နဲ့ပေါင်းမယ်။

ဆံပင်ကို တဘက်နဲ့ ပေါင်းလိုက်ပြီး နာရီဝက် ၁ နာရီလောက်ထားလိုက်ပါ။

၈။ ခေါင်းလျှော်ရည်

တစ်နာရီလောက်ကြာပြီးရင် ခေါင်းလျှော်ရည်နဲ့ ဆံပင်ပေါ်က အုန်းဆီကို ဖယ်ရှားလိုက်ပါ။

အုန်းဆီဟာ ဆံကေသာကို အရှည်မြန်စေပြီး ဦးရေပြားကို အဟာရဓာတ်ဖြည့်စွမ်းပေးနိုင်ပါတယ်။ မနက်ပိုင်းမှာ အုန်းဆီလိမ်းပေးထားပြီး ညဖက်မှာခေါင်းလျှော်ပေးရင်လည်း ရပါတယ်နော်။ ဆံပင်အဆီပြန်သွားမှာစိုးတဲ့အတွက် နေ့တိုင်းပြုလုပ်ပေးဖို့ မလိုပါဘူးနော်။