သင်က Clear, Glow Skin ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တင်းကျပ်တဲ့ စည်းကမ်းအချို့ကို သေချာလိုက်နာပေးဖို့လိုပါတယ်။ ကိုယ်စားသောက်တဲ့အစားအသောက်၊ ကိုယ့်အပြုအမူတွေကြောင့်လည်း Glow Skin ပိုင်ဆိုင်နိုင်ဖို့ ပန်းတိုင်မှာ ပိတ်ဆို့နေတတ်ပါတယ်။ ဒီတော့ လိုက်နာရမယ့် အချက်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ မအိပ်ခင် မျက်နှာသစ်ပေးပါ။

၂။ Face Mask ကပ်ပေးပါ။ ( Clay Mask တွေက ပိုကောင်းပါတယ်။)

၃။ အသားအရေကို ခြောက်သွေ့အောင် ဒီအတိုင်း ထားတာမျိုး မလုပ်ဘဲ အမြဲ Moisturizer လိမ်းထားသင့်ပါတယ်။

၄။ အိပ်ချိန်ကို ၇ နာရီကနေ ၈ နာရီ အနည်းဆုံးထားပေးပါ။

၅။ ဝက်ခြံတွေ၊ အစက်အပြောက်တွေကို ညှစ်တာမျိုး မလုပ်ပါနဲ့။

၆။ ရေများများသောက်ပေးပါ။ ( အနည်းဆုံး ရေဖန်ခွက် လေးခွက်သောက်ပေးပါ။)

၇။ Detox Water သောက်ပေးပါ။ (သခွားသီးနဲ့ သံပယိုသီးပါဝင်တဲ့ Detox Water အမျိုးအစားပါ)

၈။ သရေစာ စားတာကို ရှောင်ပေးပါ။

၉။ မိတ်ကပ်ခဏခဏလိမ်းတာကို ရှောင်ပေးပါ။

၁၀။ အကောင်းမြင်စိတ်များများ ထားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar