အားကစားနဲ့ ကိုယ်ကာယလှုပ်ရှားမှုတွေဟာ ကိုယ်ကျန်းမာ/စိတ်ချမ်းသာအောင် အများကြီးအထောက်အကူပြုတယ်ဆိုတာ လူအတော်များများ သိကြပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ကိုယ်လက်လှုပ်ရှားမှုတွေဟာ နည်းသထက် နည်းလာပြီ ဖြစ်ပါတယ်။ အခုပြောမယ့် လက္ခဏာတွေသာ သင့်မှာ ခံစားနေရရင် သင်လည်း လှုပ်လှုပ်ရှားရှား အားကစားလေးတွေ လုပ်ပေးဖို့ လိုပြီ ဖြစ်ပါတယ်။
(၁) ပင်ပန်းနေတာ ရက်ဆက်လာတယ်
Photo: thehealthy
တစ်ချိန်လုံး ပင်ပန်းနေတယ်လို့ ခံစားရတာကလည်း လှုပ်လှုပ်ရှားရှား လုပ်ဖို့ လိုနေကြောင်း ပြသနေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ နုံးနေတယ်လို့ စိတ်ထဲမှာ ခံစားနေရင် ချွေးလေး ဘာလေး ထွက်သွားအောင် အားကစားလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
(၂) ရုတ်တရက် နာကျင်လာတယ်
Photo: thehealthy
မနက်အိပ်ရာထချိန်တွေမှာ ပုခုံး ၊ လက်ပြင်နဲ့ ဒူးတွေက ရုတ်တရက် ကိုက်ခဲနာကျင်လာတယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်ပါတယ်။ ငါ တစ်နေ့တစ်နေ့ အားကစား ဘယ်လောက် လုပ်ထားသလဲ ဆိုပြီးပေါ့။
(၃) စိတ်ဖိစီးမှု ဖြစ်နေတယ်
Photo: Freepik
စိတ်ထဲမှာ မွန်းကြပ်ကြပ်ကြီး ဖြစ်နေရင် မိနစ် ၃၀ နှုန်းနဲ့ တစ်ပတ်ကို ၄ ရက်လောက် ပုံမှန် လမ်းလျှောက်ခြင်း ၊ အပြေးလေ့ကျင့်ခန်း လုပ်ခြင်းနဲ့ သက်သာအောင် ကုစားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေတယ် ခံစားရရင်လည်း ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့ လိုပါတယ်။
(၄) အစာမကြေဘူး ခံစားရတယ်
Photo: Freepik
အားကစားလုပ်ခြင်းဟာ အစာချေဖျက်မှုကို အားပေးပါတယ်။ အစာအိမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အစာမကြေတဲ့ ပြဿနာကို ရေကူးခြင်း ၊ ကခုခြင်း ၊ အကြောလျှော့ခြင်းနဲ့ လမ်းလျှောက်ခြင်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီး ဖြေရှင်းလို့ ရပါတယ်။
(၅) ညဘက် အိပ်မပျော်ဖြစ်နေတယ်
Photo: thehealthy
ညည အိပ်လို့ မရဘူးဖြစ်နေတယ်ဆိုရင်လည်း အားကစားလုပ်ဖို့ အကြံပေးချင်ပါတယ်။ အားကစားလုပ်ခြင်းဟာ အိပ်စက်ချိန် ပိုကြာမြင့်စေသလို ပိုပြီးလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။