Makeup ပြင်မယ့် မိန်းကလေးတွေအတွက် ဘယ်အချိန်ကြည့်ကြည့် ကြည်တောက်ရှင်းပြီး လှနေစေမယ့် နေ့တိုင်းပြင်ဆင်ဖို့အတွက်လည်း အရမ်းအဆင်ပြေတဲ့ Simple Makeup Look ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး အောက်ခံ Foundation or Cushion လိမ်းပါမယ်။ ဒီမှာတော့ Cushion လိမ်းထားပါတယ်။ ကြည်တောက်ရှင်းနေတဲ့ Look လေးရဖို့ဆိုရင် ပါးပါးကြည်ကြည်လေး လိမ်းတာပဲကောင်းပါတယ်။

Powder ကို ပါးပါးလေးပဲပုတ်လိမ်းပါမယ်။

ပုံမှာပြထားတဲ့ Eyeshadow အရောင်ဖျော့ဖျော့လေးကို မျက်ခွံမှာခြယ်ပါမယ်။ မျက်လုံးအောက်နားမှာလည်း ခြယ်ပါမယ်။

အညိုဘက်သွားတဲ့ Eyeshadow အရောင်ကို မျက်ခွံမှာ ထပ်ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း ထပ်ခြယ်ပါမယ်။

ရွှေရောင် Glitter Eyeshadow ကို မျက်ခွံမှာ ထပ်ခြယ်ပါမယ်။

အညိုရောင် Eyeshadow နဲ့ Eyeliner ကို မျက်လုံးအတွင်းနားကပ်ဆွဲပါမယ်။ အစွန်းမှာ Wings ထွက်အောင် ဆွဲပေးပါ။

မျက်လုံးအောက်နားကိုလည်း Eyeliner ဆွဲသလိုပဲ အပြည့်ဆွဲပါမယ်။ Eyeshadow အညိုနဲ့ပါပဲ။ ဒါမှ မျက်လုံးဝိုင်းဝိုင်းလေး ဖြစ်နေမှာပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ မျက်တောင်တုတပ်မယ်ဆိုရင် Natural ဆန်တာမျိုးပဲ တပ်ပေးပါ။

မျက်ခုံးမွှေးကိုလည်း Natural Look လေးပဲရအောင် ဆွဲပါမယ်။ ပြီးရင် Brow Gel နဲ့ဖြီးပါမယ်။

ပါးနီကို ပုံမှာပြထားတဲ့အရောင် နုနုလေးပဲ ခြယ်ပါမယ်။

နှုတ်ခမ်းနီကို အညိုဘက်နည်းနည်းသွားတဲ့ Lip Gloss လေးဆိုးပါမယ်။

ဒါဆိုရင်တော့ ကြည်တောက်ရှင်းပြီးလှတဲ့ Simple Makeup Look လေးကို ရရှိသွားပါပြီ။