ညှပ်ကလစ်က ပျိုမေတိုင်း ဆောင်ထားသင့်တဲ့ Hair Accessories တွေထဲ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ညှပ်ကလစ် ရောင်စုံလေးတွေ ရှိရုံနဲ့တင် သင့်ဆံပင်ကို ပုံစံ အမျိုးမျိုး စည်းနိုင်ပါတယ်။

အခုခေတ်စားနေတဲ့ claw clip လေးတွေဆိုရင် လူငယ်ကောင်မလေး တော်တော်များများမှာ ရှိမှာပါ။ အများစုက နောက်ကိုဆံပင်လှန်တင်တာလောက်ပဲ လုပ်ကြတာပါ။

ဆံပင် ထူတဲ့ သူတွေအတွက် ညှပ်ကလစ်က အထူးသင့်တော်ပါတယ်။ ဆံပင် ပါးတဲ့ သူတွေအနေနဲ့တော့ ညှပ် ကလစ် Size အလယ်အလတ်လောက်ဆိုရင် အဆင်ပြေမှာပါ။

အဲ့ကလစ်လေးတွေက တခြားပုံစံတွေလည်း အများကြီးပြင်ဆင်လို့ရပါတယ်။ ဒီတော့ ညှပ်ကလစ်နဲ့ ဆံပင်စည်းနည်း အိုင်ဒီယာတွေကို ကြည့်လိုက်ရအောင်နော်-

Image Source: Pinterest

By MyStyle Myanmar