အဖြူရောင် Jeans ဘောင်းဘီတွေက သာမန်ဝတ်နေကြ Jeans ဘောင်းဘီအရောင်ထဲက ကွဲထွက်နေသလို ၊ စွန်းထင်းလွယ်တဲ့အတွက် အများစု လက်ရှောင်ကြပြီး အပြာနဲ့ အနက်ရောင် Jeans တွေကိုပဲ အဝတ်များကြပါတယ်။

တကယ်တော့ အဖြူရောင် Jeans ဘောင်းဘီတွေက ဝတ်တတ်ရင် တော်တော်လေး စတိုင်ကျပြီး သန့်ပြန့်နေတဲ့ ဖက်ရှင်အသွင်ကို ရစေမှာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ အဖြူရောင် Jeans ဘောင်းဘီတွေကို စတိုင်ကျကျ တွဲဝတ်လို့ရမယ့် နည်းလမ်းတချို့ ကို မျှဝေပေးချင်ပါတယ်။

(၁) All White ဖက်ရှင်

All White ဖက်ရှင်တွေကတော့ ပူအိုက်တဲ့ နွေရာသီမှာ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့ကောင်းတဲ့ Outfit စတိုင်တစ်မျိုး ဖြစ်ပါတယ်။ အပေါ်အောက် အဖြူဝတ်စုံတွေက ရိုးရိုးရှင်းရှင်းနဲ့ သန့်ပြန်တဲ့ အသွင်ကိုရစေမှာ ဖြစ်ပါတယ်။

All White Outfit တွေ ဝတ်မယ်ဆို အရောင်စိုတဲ့ အဖြူရောင် Jeans ဘောင်းဘီတွေကို ရွေးချယ်သင့်ပြီး အပေါ်က ဆင်စွယ်ရောင်ဘက်ကို သွားတဲ့ Shirt အင်္ကျီ သို့မဟုတ် Plain T Shirt တွေနဲ့ တွဲဝတ်လို့ ကောင်းပါတယ်။

အကယ်၍ တစ်ကိုယ်လုံး အဖြူစွတ်စွတ် မဝတ်ရဲဘူးဆိုရင်တော့ အရောင်ကွဲတဲ့ Shoes တွေနဲ့ တွဲဝတ် လို့ရပါတယ်။

(၂) Blazer နဲ့ တွဲဝတ်ပါ

ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတဲ့ Smart Casual သို့မဟုတ် Semi Formal ဝတ်စုံတွေအတွက် Jeans ဘောင်းဘီအဖြူနဲ့ Blazer တွေက အကောင်းဆုံး ဖက်ရှင်အတွဲအစပ်တစ်ခု ဖြစ်ပါတယ်။ ရုံးတက်ဖက်ရှင်အနေနဲ့ပဲ ဖြစ်ဖြစ် ပွဲအခမ်းအနား တက်တဲ့အချိန်မှာ ဖြစ်ဖြစ် သန့်ရှင်းသပ်ရပ်ပြီး ဆွဲဆောင်မှု အပြည့်ရှိနေစေမှာ ဖြစ်ပါတယ်။

(၃) Shirt အင်္ကျီ နဲ့ တွဲဝတ်ပါ

အဖြူရောင် Jeans ဘောင်းဘီတွေဝတ်ဖို့ ထွေထွေထူးထူး မစဉ်းစားချင်ဘူးဆိုရင်တော့ Shirt အင်္ကျီတွေနဲ့ သာ တွဲဝတ်လိုက်ပါ။ အဖြူရောင် Jeans ဘောင်းဘီနဲ့ Shirt အင်္ကျီ ပေါင်းစပ်မှုက တကယ်ကို ရိုးရှင်းပြီး စမတ်ကျစေမှာ ဖြစ်ပါတယ်။ Shirt အင်္ကျီရွေးချယ်တဲ့အခါ အရောင်ခပ်လွင်လွင် ခပ်ဖျော့ဖျော့ Shirt တွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

ဥပမာအားဖြင့် Light Blue Shirt အင်္ကျီတွေက အဖြူရောင် Jeans ဘောင်းဘီနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်စတိုင်မျိုး ဝတ်ချင်တယ်ဆိုရင်တော့ အရောင်စပ်ထားတဲ့ အစင်း Shirt တွေ ရွေးချယ်နိုင်ပါတယ်။

(၄) နွေရာသီ ဖက်ရှင်

အပေါ်မှာပြောခဲ့သလိုပဲ အဖြူရောင် Jeans ဘောင်းဘီတွေက နွေရာသီအတွက် အသင့်တော်ဆုံး Summer ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။