တချို့က ရုံးတက်တဲ့အခါမှာ Smart ကျကျလေး ဝတ်စားရတာကို ကြိုက်ပေမယ့် တချို့ကျတော့ မိန်းကလေးဆန်တာမျိုးလေးတွေကို ကြိုက်ကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ရုံးတက်နေရတဲ့ မိန်းကလေးတွေအတွက် Classic ဖြစ်ပြီး လှနေစေမယ့် ဂါဝန်ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလိုဂါဝန်ကိုမှ လက်ရှည်လေးတွေက အရမ်းလှပါတယ်။ Classic ဖြစ်ပြီး တည်ငြိမ်တဲ့ပုံစံလေးနဲ့ကို လှတာပါ။

ဒီလိုဂါဝန်ဒီဇိုင်းလေးတွေဆိုလည်း ရုံးဖက်ရှင်အနေနဲ့ဝတ်လိုက်ရင် ကြော့ရှင်းပြီးလှနေတဲ့ Look မျိုးရစေပါတယ်။ ဂါဝန်ဝတ်ရတာကြိုက်ရင် ရွေးချယ်သင့်ပါတယ်။

Body Fit Dress ကိုမှ ဒီလိုဒီဇိုင်းလေးတွေက အမြင်မရိုင်းပဲ လှပါတယ်။ ဒါကြောင့် ရုံးတက်ဖက်ရှင်အနေနဲ့ ရွေးချယ်လို့ အဆင်ပြေပါတယ်။

ဒါမျိုးဂါဝန်လေးတွေဆိုရင် ရုံးတက်ဖက်ရှင်အနေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ တည်ငြိမ်ပြီး Classic ဖြစ်စေပါတယ်။

အလုပ်မှာ ရာထူးကြီးပိုင်းဆိုရင် ဒီလိုဂါဝန်လေးတွေကို ရွေးချယ်ပါ။ အရမ်းလှပါတယ်။ ပွဲတွေသွားစရာရှိရင်လည်း ဒါမျိုးလေးက အရမ်းလှတဲ့ ဖက်ရှင်ပါပဲ။

Floral Dress ကိုမှ ဒီလိုဒူးဖုံးတဲ့ဂါဝန်၊ လက်တံတောင်ဆစ်ပုံစံတွေက တည်ငြိမ်ပြီး Classic ဖြစ်စေလို့ ရုံးတက်ဖက်ရှင်အနေနဲ့ဆို အရမ်းလိုက်ဖက်ပြီး လှလည်းလှပါတယ်။

ဘေးမကားတဲ့ ကြိုးတစ်လုံးဂါဝန်ရှည်ကို လက်ရှည်လေးတွေ အောက်ကခံဝတ်တာမျိုးက ကိုးရီးယားဆန်ပြီး ရိုးရိုးလေးနဲ့ လှစေပါတယ်။ ဒါကြောင့် ရုံးတက်ဖက်ရှင်အဖြစ်နဲ့လည်း ရွေးချယ်လို့ရပါတယ်။

ဒီလို Dress မျိုးကျတော့ တည်ငြိမ်ပြီး Confident အပြည့်နဲ့လှနေတဲ့ Look မျိုးရစေလို့ အလုပ်မှာ ရာထူးကြီးပိုင်းဆိုရင် ဒီဖက်ရှင်ကို ရွေးချယ်သင့်ပါတယ်။

ဒီလိုဂါဝန်မျိုးကျတော့ အထက်တန်းဆန်ပြီးလှတဲ့ Look မျိုးရစေပါတယ်။ ဒါကြောင့် ကိုယ်က အလုပ်မှာရာထူးကြီးပိုင်းဖြစ်တဲ့သူ၊ ဒါမှမဟုတ် အလုပ်မှာ အရေးကြီးပွဲ အခမ်းအနား ရှိတဲ့နေ့တွေဆိုရင် ဒါမျိုးလေးတွေကို ဝတ်ဆင်ပါ။ ကြည့်လိုက်တာနဲ့ ကျက်သရေရှိပြီး လှနေမှာ သေချာပါတယ်။

Photo source:www.pinterest.com