အတိုအပြတ်တွေဝတ်ရတာမကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် လုံလုံခြုံခြုံနဲ့ အထာကျပြီးမိုက်နေစေမယ့် ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကြည့်လိုက်တာနဲ့ ကျော့ရှင်းပြီး မိုက်နေမှာမို့ သဘောကျမယ်လို့ ထင်ပါတယ်။

ဒီလိုဘောင်းဘီရှည်အပွတွေကိုဝတ်တဲ့အခါမှာ ကြိုးတစ်လုံးလေးနဲ့တွဲဝတ်ပြီး အပေါ်က ကုတ်အပွတွေထပ်ဝတ်လိုက်တာက kdrama ထဲမှာ မြင်နေကျပုံစံမျိုးလေးပါ။ လုံလုံခြုံခြုံနဲ့ အထာကျပြီးမိုက်နေတဲ့ ဖက်ရှင်တစ်မျိုးပါပဲ။

Style pant တည့်ပွတွေကိုဝတ်တဲ့အခါမှာ ဒီလိုမိန်းကလေးဆန်တဲ့အင်္ကျီတွေနဲ့ တွဲဝတ်တာကလည်း အထာကျပြီးမိုက်စေပါတယ်။

Bell pant လေးတွေဝတ်မယ်ဆိုရင်တော့ ဒီလိုအင်္ကျီလက်ရှည်လေးကိုမှ ခါးတိုဖြစ်တာမျိုးလေးနဲ့ တွဲဝတ်ရင် ပိုလိုက်ဖက်ပါတယ်။ စမတ်ကျပြီး မိုက်နေတဲ့ဖက်ရှင်မျိုး ဖြစ်စေပါတယ်။

ရိုးရိုးလေးနဲ့ အထာကျပြီးမိုက်နေတာမျိုးလေးဆိုရင်တော့ style pant ကို flannel အကွက်မှိုင်းမှိုင်းလေးတွေနဲ့ ဒီလိုမျိုးတွဲဝတ်ကြည့်ပါ။

ပေါ့ပါးပြီးအထာကျတာမျိုးလေးဆိုရင် ဒီလိုဘောင်းဘီတွေကို croptop အင်္ကျီအကျပ်လေးတွေနဲ့ တွဲဝတ်ပြီး sneakers စီးပါ။ အရမ်းအရပ်ရှည်ရင်သာ ဗိုက်ပေါ်နေမှာပါ။ ပုံမှန်ဆိုရင်တော့ အဲ့လောက်အသားမပေါ်တဲ့အတွက် အဆင်ပြေပါတယ်။

Style pant အပွတွေကို ဒီလိုအင်္ကျီမျိုးနဲ့တွဲဝတ်တာက သူများနဲ့မတူပဲ အထာကျစေပါတယ်။ sneakers လေးတွေစီးပြီး အခုနောက်ပိုင်းခေတ်စားနေတဲ့ အိတ်လေးတွေလွယ်လိုက်မယ်ဆိုရင်တော့ perfect ပါပဲ။

Jean bell pant တွေက ဝတ်လိုက်တာနဲ့ကို မိုက်နေတာပါ။ ပိုပြီးအထာကျကျလေးဖြစ်ချင်ရင် ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်ပြီး အပေါ်ကနေ ကုတ်အပွတွေထပ်ဝတ်ပါ။

ကုတ်အပွကြီးတွေက အထာကျပြီး မိုက်စေပါတယ်။ ဒါပေမယ့် ကုတ်ကိုအဖြူရောင်ဝတ်မယ်ဆိုရင် ဘောင်းဘီအပွအဖြူရောင်လေးနဲ့ပဲ တွဲဝတ်ပါ။ ဖက်ရှင်ကျပြီး ပိုမိုက်ပါတယ်။

photo source:www.pinterest.com