ဟယ်လို ပျိုမေလေးတို့ရေ အခုစာဖတ်ပရိတ်သတ်တွေထဲမှာ လက်သည်းဆိုးလေ့ဆိုးထ ရှိသူလေးတွေများ ပါလားမသိဘူးနော်။ အခုခေတ်မှာက ကောင်မလေးတွေ အများစုက လက်သည်းကို ရိုးရိုးအရှည်ထားပြီး ဆေးဆိုးတာက နည်းနည်းရိုးသွားပါပြီနော်။

အရင်တုန်းကလို လက်သည်းနည်းနည်းလောက်ရှည်တာမျိုးကို မဟုတ်တော့ဘဲ အတုဖြစ်တဲ့ လက်သည်းအချွန်ကြီးတွေ၊ လေးထောင့်တွေဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ပုံစံကိုရွေးပြီး အတုတပ်နေတဲ့ မိန်းကလေးတွေ တအားများလာပါတယ်။

လက်သည်းအစစ်ကို အရှည်ထားရင်ကျ ကျိုးမှာဆိုးတာမျိုးတွေ ရှိကြတဲ့အတွက် အတုကိုပဲ တပ်လာကြပါတယ်။ အတုတပ်ပြီးရင်လည်း ဆေးဆိုးပြီး ပြီးပြီလားဆိုတော့လည်း မဟုတ်ပါဘူး။

ကိုယ်ကြိုက်တဲ့ ကိုယ့်စတိုင်လ်အလိုက် ဒီဇိုင်းစုံ အရောင်စုံကိုရွေးပြီး ဆိုးကြပါသေးတယ်။ အခုတစ်ခါမှာတော့ အခုခေတ်ကောင်မလေးတွေ အရမ်းချစ်ပြီး အရမ်းသုံးနေကြတာကိုတွေ့ရတဲ့ Cinnamoroll ကာတွန်းရုပ်လေးနဲ့ လက်သည်းဒီဇိုင်းတွေပဲဖြစ်ပါတယ်။

ကဲ အခုပဲ ကြည့်လိုက်ရအောင်နော်။

Image Source: Pinterest