ဝဝကစ်ကစ်နဲ့ ချစ်စရာကောင်းစေဖို့အတွက် မိန်းကလေးတစ်ယောက်ဆီမှာ Dresses လေးတွေကတော့ မျိုးစုံရှိသင့်တယ်နော်။ မိန်းကလေးတစ်ယောက်ချင်းစီတိုင်းမှာ သူ့ကိုယ်ပိုင်အလှနဲ့သူရှိပြီးသားမို့လို ကိုယ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားမျိုးကိုပဲရွေးချယ်ဖို့လိုအပ်ပါတယ်။ Chubby Body ပိုင်ဆိုင်တဲ့ မိန်းကလေးတွေကလည်း အခုခေတ်မှာတော့ အရင်ကလို့ဝရင်မလှဘူး။ ဝရင်ဘာအဝတ်အစားမှဝတ်တာမလိုက်ဖက်ဘူးဆိုတဲ့ အမြင်လေးတွေကလည်း တဖြည်းဖြည်းနဲ့ပြောင်းလဲလာပါပြီ။ ကောင်မလေးတွေက Dress လေးတွေဝတ်ရတာကို သဘောကျတတ်ကြတတ်ကြပါတယ်။
ကိုယ်ပုံစံလေးကို မြင်လိုက်တာနဲ့ မိန်းကလေးဆန်ဆန်နဲ့ ရိုးရိုးရှင်းရှင်းလေးဖြစ်နေတာကို ကြိုက်တဲ့သူတစ်ယောက် ဆိုရင်တော့အခုပြောပြမဲ့ Dress လေးကတော့ မိန်းမလှလေးတွေအတွက်စိတ်ဝင်စားစရာကောင်းမယ်ထင်ပါတယ်။
French Dress

French Dress လေးတွေကဝတ်ရတာလည်းသက်တောင့်သက်သာဖြစ်ပြီး Floral ဆန်တဲ့အတွက်မိန်းကလေးဆန်တဲ့ပုံစံလေးဖြစ်ပါတယ်။ French Dress လေးတွေက သူငယ်ချင်းတွေနဲ့ပဲPicnic သွားရင်လည်း လိုက်ဖက်သလို၊ Date သွားရင်လည်း ချစ်စရာကောင်းတဲ့ပုံစံမျိုးလေးဖြစ်စေပါတယ်။ French Dress လေးတွေဝတ်ရင် Headcraf လေးတွေနဲ့လည်း ကိုယ့်ရဲ့ဆံပင်ပုံစံလေးကိုပြောင်းလဲလို့ရပါသေးတယ်။
Cottage Dress

Cottage Dress လေးတွေက ဝတဲ့ပုံစံလေးလည်းအရမ်းမသိသာသလို လက်ဖောင်းဖောင်းကစ်ကစ် ပုံစံလေးတွေက လက်မောင်းကြီးတဲ့သူတွေအတွက်တော့ ရှိထားတဲ့သင့်တဲ့ Dress အမျိုးအစားဖြစ်ပါတယ်။ အတိုအရှည်ကိုတော့ ကိုယ့်အရပ်နဲ့လိုက်ပြီး စဥ်းစားသင့်ပါတယ်။ အောက်ကဖိနပ်ဆိုရင်လည်း Slipper အမျိုးအစားပဲဖြစ်ဖြစ်။ Shoe လေးတွေနဲ့ပဲဖြစ်ဖြစ်လိုက်ဖက်ပါတယ်နော်။
Slip Dress

Slip Dress လေးတွေက ကြိုးတစ်ချောင်းတွေများပြီး နွေရာသီနဲ့အလိုက်ဖက်ဆုံး Dress အမျိုးအစားဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က Slip Dress တစ်ထည်စီကိုဝတ်ရတာမကြိုက်ဘူး မဝတ်ရဲဘူးဆိုရင်တော့ အောက်ကေန T-Shirt ဗြောင်လေးတွေနဲ့လည်းလိုက်ဖက်ပါတယ်နော်။ ဖဲသားပါတဲ့ Slip Dress လေးတွေကလည်း နောက်ပိုင်းအရမ်းကိုခေတ်စားလာခဲ့ပါတယ်။
Photo Source – Pinterest