မကြာခင်မှာ ခရစ်စမတ်လည်းရောက်တော့မှာဆိုတော့ ခရစ်စမတ်အချိန်အခါနဲ့လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ အနီရောင်မိတ်ကပ် ပြင်ဆင်နည်းကို မျှဝေပေးချင်ပါတယ်။ အရမ်း Heavy ဖြစ်အောင် ပြင်ထားတာမဟုတ်တဲ့အတွက် ခရစ်စမတ်မှမဟုတ်ပါဘူး၊ တခြားအချိန်တွေမှာလည်း ဒီမိတ်ကပ် Look လေးက ပြင်လို့အဆင်ပြေပါတယ်။

မိတ်ကပ်သားကြာရှည်ခံပြီး ပိုလှဖို့အတွက် မိတ်ကပ်မလိမ်းခင်မှာ Primer ကိုအရင်လိမ်းပါမယ်။

Makeup Sponge နဲ့ အောက်ခံမိတ်ကပ် Foundation ကို လိမ်းပေးပါ။

အမဲစက်၊ အမာရွတ်နဲ့ အပြစ်အနာအဆာတွေကို Concealer နဲ့ ဖုံးပါမယ်။ မျက်ကွင်းညိုတဲ့နေရာ၊ နှာခေါင်းနှစ်ဖက်ဘေး၊ နှုတ်ခမ်းဘေးတွေက အသားအရောင်မညီတဲ့အတွက် အဲ့နေရာတွေကိုလည်း Concealer သုံးပေးပါ။

မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်းပဲ ဆွဲပေးပါ။

မျက်လုံးစခြယ်ဖို့အတွက် Eyeshadow ရွှေအိုရောင်လေးကိုယူပြီး မျက်ခွံပေါ်မှာ ခြယ်ပေးပါ။ Brush နဲ့ခြယ်ပြီး မျက်လုံးအောက်လေးတွေကိုပါ Brush နဲ့ နည်းနည်းခြယ်ပေးဖို့ မမေ့ပါနဲ့။ ပါးပါးလေးပဲ ခြယ်ပေးပါ။

Glitter Eyeshadow ကိုမှ ပန်းရောင်ဘက်သွားတဲ့အရောင်လေးကိုယူပြီး လက်နဲ့ပဲ မျက်ခွံပေါ်မှာ နည်းနည်းထပ်ခြယ်လိုက်ပါ။

အဖြူရောင် Glitter Eyeshadow (သို့) ပန်းနုရောင် Glitter Eyeshadow ကို လက်နဲ့ယူပြီး မျက်လုံးထောင့်လေးမှာ တို့ပေးပါ။

မျက်လုံးခြယ်တာပြီးပြီဖြစ်လို့ Eyeliner ပါးပါးလေး ဆွဲပေးပါ။ အောက်ဖက်ကိုတော့ ရှေ့ဘက်မျက်လုံးထောင့်နားလေးပဲ နည်းနည်းဆွဲပေးပါ။

မျက်တောင်ကော့တဲ့ Eyelash Curler နဲ့ မျက်တောင်ကော့ပြီးမှ Mascara နဲ့ ကော့ပေးပါ။ Mascara သုံးမယ်ဆိုရင် အောက်မျက်တောင်လေးတွေ ကိုပါ သုံးပေးဖို့ မမေ့ပါနဲ့။

လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းအောင် နှုတ်ခမ်းနီကို Lip Tint လေးတွေ ဆိုးပါမယ်။ အနီရောင် Lip Tint လေးနဲ့ နှုတ်ခမ်းနီဆိုးပေးပါ။

ပါးနီကိုလည်း Lip Tint ပဲသုံးပါမယ်။ ပါးနီအတွက်ကျတော့ Lip Tint အနီရောင်ကိုမှ နည်းနည်းရင့်တဲ့အရောင်ကို ရွေးပြီး ခြယ်ပေးပါ။

အားလုံးပြီးရင်တော့ Powder (သို့) Cream Pact လေးပုတ်ပေးပါ။

Contouring အညိုရောင်နဲ့ နှာတံနည်းနည်းဖော်ပြီး မေးရိုးလေးတွေကို Brush နဲ့ နည်းနည်းဆွဲပေးပါ။

နှာတံ၊ ပါးနဲ့ တခြားကိုယ်လင်းချင်တဲ့ Glow ချင်တဲ့နေရာတွေကို Highlighter သုံးပေးပါ။

အားလုံးပြီးပြီဆိုရင်တော့ Setting Spray လေး ဖြန်းပေးလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ ခရစ်စမတ်အချိန်အခါနဲ့ လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ အနီရောင်မိတ်ကပ်ပြင်ဆင်တာ ပြီးသွားပါပြီ။

Source: www.babyjingko