ကမ္ဘာပေါ်မှာ အပြုံးပေါင်း ၁၉ မျိုးရှိပါတယ်။ ဒါပေမဲ့ အဓိကကျတဲ့အမျိုးအစားကတော့ ၂ မျိုးပဲဖြစ်ပါတယ်။ မျက်နှာကြွက်သားများ သိပ်မသုံးရဘဲ လူမှုရေးအရ ယဉ်ယဉ်ကျေးကျေးပြုံးပြရတဲ့ အပြုံးနဲ့ ကြွက်သားများများအသုံးပြုရပြီး နှစ်နှစ်ကာကာပြုံးပြရတဲ့ အပြုံးတို့ပဲ ဖြစ်ပါတယ်။

တစ်ခါတရံမှာတော့ အပြုံးတုတွေကို ခန့်မှန်းရခက်ပါတယ်။ စာဖတ်သူတို့ရော ဘယ်အပြုံးက အပြုံးတုလား၊ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြုံးပြတဲ့အပြုံးလားဆိုတာကို ခွဲခြားတတ်ကြရဲ့လား။ အခုမြင်ရတဲ့ ပြုံးနေတဲ့မျက်နှာတွေထဲက အပြုံးတုနဲ့ ပြုံးနေတဲ့လူကို ရွေးချယ်လိုက်ပါ။ သင့်ရဲ့ ရွေးချယ်မှုက သင့်စိတ်နေသဘောထားနဲ့ ခံယူချက်တွေကို ဖော်ပြပေးနိုင်ပါတယ်။

နံပါတ် ၁ ပုံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့

သင်က အခြားသူများရဲ့ စိတ်ခံစားချက်ကို ကိုယ်ချင်းစာနိုင်စွမ်းမြင့်မားပါတယ်။ တစ်ခါတရံမှာ အခြားသူတွေရဲ့ စိတ်လှုပ်ရှားမှု၊ ဒေါသတွေကိုလိုက်ခံစားနေရတာကြောင့် စိတ်ပင်ပန်းလူပင်ပန်းလည်း ဖြစ်ရတတ်ပါတယ်။ ဒါပေမဲ့လည်း သင့်ဆီကအကောင်းမြင်စိတ်တွေ တခြားသူဆီကူးစက်အောင်လည်း ပြုလုပ်နိုင်တာကြောင့် သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

နံပါတ် ၂ ပုံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့

ပြင်းထန်တဲ့စိတ်ခံစားချက်နဲ့ နက်နဲတဲ့စိတ်ဝိဉာဉ်ကို ညီမျှမှုရှိအောင်ပြုလုပ်နိုင်တာကြောင့် သင်က အခြားသူများနဲ့မတူဘဲ တမူထူးခြားတဲ့သူတစ်ယောက်ပါ။ သင့်ဘဝမှာ စွမ်းအားပြင်းတဲ့စိတ်ခံစားချက်တွေနဲ့လည်း တွေ့ကြုံရတတ်ပါတယ်။ ဝမ်းနည်းရင်လည်း အဆုံးစွန်ထိဝမ်းနည်းတတ်ပြီး၊ ပျော်ရွှင်စရာရှိရင်လည်း အဆုံးစွန်ထိပျော်ရွှင်တတ်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သင်က မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလည်းရှိပါတယ်။

နံပါတ် ၃ ပုံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့

ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံတွေ့နေရပါစေ သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး အခက်အခဲများကိုလည်း အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်ပါတယ်။ သင့်ရဲ့ အကောင်းမြင်စိတ်နဲ့ ပတ်ဝန်းကျင်ကို ဖြန့်ကျက်ထားပြီး ဝမ်းနည်းအားနည်းနေတဲ့သူတွေကိုလည်း စိတ်ဓာတ်ခွန်အားမြှင့်တက်လာအောင် အားပေးနိုင်စွမ်းရှိပါတယ်။ သင့်အနားမှာ နေရတာ သက်သောင့်သက်သာဖြစ်တယ်လို့ အခြားသူတွေက ယူဆကြပါတယ်။ သင့်မိသားစုဝင်၊ သူငယ်ချင်း၊ မိတ်ဆွေတွေကလည်း သင့်အကြံဉာဏ်နဲ့ အားပေးစကားတွေကို အလေးအနက်ထားနားထောင်တတ်ကြပါတယ်။

နံပါတ် ၄ ပုံကို ရွေးချယ်ခဲ့ရင်တော့

အခက်အခဲပြဿနာများကို ကလေးဆန်ဆန်ဖြေရှင်းလေ့မရှိဘဲ ရင့်ကျက်တဲ့လူကြီးတစ်ယောက်အသွင်ဖြေရှင်းတတ်ပါတယ်။ ဝမ်းနည်းမှု၊ ဒေါသနဲ့ စိတ်ပျက်ခြင်းတွေ ခံစားရတယ်ဆိုရင်လည်း အခြားသူတွေကို ရန်ရှာခြင်းနဲ့ စိတ်ဖြေလေ့မရှိဘဲ အကောင်းမြင်စိတ်နဲ့ မိမိဘာသာဖြေရှင်နိုင်စွမ်းရှိပါတယ်။

နံပါတ် ၅ ပုံကို ရွေးချယ်ခဲ့ရင်တော့

စိတ်ညစ်စရာတွေ ကြုံတွေ့ရမယ်ဆိုရင် ဒီစိတ်ညစ်စရာတွေက တစ်နေ့နေ့မှာ ပြီးဆုံးသွားမယ်ဆိုတာကို နားလည်တဲ့အတွက်ကြောင့် မိမိစိတ်ကို ရှင်းရှင်းပဲထားတတ်သူပါ။ သင်က အကြံဉာဏ်ကောင်းတွေ ပေးစွမ်းနိုင်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အခြားသူတွေကို အကြံဉာဏ်ကောင်းတွေသာ များများပေးလိုက်ပါ။ သင့်ဆီကို ပျော်ရွှင်ခြင်းတွေ ဆောင်ကျဉ်းပေးပါလိမ့်မယ်။

နံပါတ် ၆ ပုံကို ရွေးချယ်ခဲ့ရင်တော့

သင်က အမှီအခိုကင်းတဲ့သူ၊ ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်ပြီး အခြားသူများထံမှ အကြံဉာဏ်နဲ့ အကူအညီများမရယူဘဲ မိမိအစွမ်းအစနဲ့ အောင်မြင်အောင်ကြိုးစားနေသူတစ်ယောက်ပါ။ ဒါပေမဲ့ သင်က အခြားသူများကို ကူညီချင်စိတ်ရှိပြီး စိတ်ရင်းအမှန်နဲ့ဆက်ဆံလေ့ရှိပါတယ်။ သင့်မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေက သင့်အတွက် အရေးကြီးပါတယ်။ သူတို့အတွက်ဆို သင်က အမြဲတမ်းအဆင်သင့်ရှိနေတဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် သင်က လူတွေရဲ့အကြောင်းကို ကောင်းစွာသိနားလည်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Source: Brightside.me