မုတ်သုံရာသီရောက်ပြီဆိုတော့ အားလုံးရေစိုခံဖိနပ်တွေစီးဖို့ အဆင်သင့်ဖြစ်နေပြီလား ? မိုးရာသီအတွက် စီးတဲ့ဖိနပ်တွေက စတိုင်ကျနေရုံမက တာရှည်ခံ ၊ ရေစိုခံပြီး ဘက်တီးရီးယားနဲ့ မှိုပိုးမွှားတွေကို ကာကွယ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ဖိနပ်မျိုးကို ရွေးချယ်ဖို့ကလည်း မိုးရာသီအတွက် အဓိက စံနှုန်းတစ်ခုပါပဲ။

ရေစိုခံဖိနပ်ရွေးချယ်တဲ့အခါ မှိုင်းမှိုင်းမိုးရွာတဲ့နေ့တွေမှာ တောက်ပနေစေဖို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ဒါကြောင့် ရေစိုခံဖိနပ်ကောင်းတစ်ရံကို ရှာဖွေတဲ့အခါ သတိပြုရမည့်အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Flip-Flops

Flip flops တွေက ပေါ့ပါးပြီး ရေစိုခံတာကြောင့် မိုးရွာသီအတွက် အကောင်းဆုံးဖိနပ်တွေထဲ တစ်ခုပါပဲ။ ဗွက်အိုင်ထဲ ရောက်သွားရင်တောင် စိတ်မပူပါနဲ့၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ပွင့်လင်းတဲ့ဖွဲ့စည်းပုံကြောင့် သင့်ခြေထောက်တွေကို မိနစ်ပိုင်းအတွင်း ခြောက်သွားစေနိုင်ပါတယ်။

Rubber-Soled Sandals

မိုးရာသီမှာ မိုးရေစိုနေပြီး ရွှဲနေတဲ့ ဖိနပ်တွေကို မစီးချင်ဘူးဆိုရင် ခြေညှပ်ဖိနပ်ကို စီးပါ။ မိုးရေထဲမှာ လမ်းတွေကို ရဲရဲတင်းတင်းလျှောက်နိုင်ဖို့အတွက်ဆို ခြေညှပ်ဖိနပ်‌တွေက အသင့်တော်ဆုံးပါပဲ။

Sandals

ခြေညှပ်ဖိနပ်နှင့် ဖလစ်ဖျော့နှစ်ခုလုံးက မိုးရေစိုတဲ့အခါ ဖိနပ်တွေ ချော်ထွက်သွားတတ်တယ်။ ဒါကြောင့် ကြိုးတွေနဲ့ ခြေညှပ်ဖိနပ်ကို ဝတ်ဆင်လို့ရပါတယ်။

ရေစိုခံဖိနပ်များ

ဝတ်ရလွယ်ကူပေါ့ပါးပြီး ခြေထောက်ကို သန့်ရှင်းစေမယ့် ရာဘာဖိနပ်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ လျှော်ရလွယ်ကူရုံသာမက ပေါ့ပါးပြီး တာရှည်ခံတာကြောင့် ဘက်စုံသုံးနိုင်တဲ့ ရေစိုခံဖိနပ်တွေကိုလည်း ရွေးချယ်လို့ရပါသေးတယ်။