အမျိုးသမီးတိုင်း နှုတ်ခမ်းနီဆိုးကြပါတယ်နော်။ အခုတစ်ခါမှာတော့ သင့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်ကို ဘယ်လိုရွေးချယ်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ (အသားမည်းတဲ့သူ (သို့) အသားအရေလှတဲ့သူ)

ဒီအသားအရောင်မျိုးကတော့ မြန်မာပြည်မှာ ရှားပါတယ်။ မိတ်ကပ်ပြင်ရင် သိပ်ကိုလှတဲ့သူတွေပါ။ ဒီအသားအရောင်မျိုးက ကြေးဝါဖျော့ရောင်၊ ချောကလက်ရောင်၊ အညိုရောင်၊ ခရမ်းရောင်၊ ပန်းခရမ်းရောင်၊ သစ်ကြမ်းပိုးခေါက်ရောင်၊ အရောင်လက်တဲ့ နှုတ်ခမ်းတွေဖြစ်ပါတယ်။

၂။ အသားလတ်တဲ့သူ နဲ့ ညိုတဲ့သူတွေအတွက်

အသားလတ်တဲ့သူ အသားညိုတဲ့သူတွေအတွက် ရွေးချယ်စရာ နှုတ်ခမ်းနီ အများကြီးရှိပါတယ်။ အုတ်နီရောင်၊ ပန်းခရမ်းရောင်၊ ကော်ဖီညိုရောင်၊ နှင်းဆီရောင်၊ ပန်းသွေးရောင်၊ နီညိုရောင်၊ အနီရောင်ဖက်သန်းတဲ့ လိမ္မော်ရောင် နဲ့ အညိုဖျော့ရောင်တို့ပဲဖြစ်ပါတယ်။

၃။ အသားဖြူတဲ့သူတွေအတွက်

အသားဖြူတဲ့သူတွေနဲ့တော့ အရောင်တော်တော်များများ လိုက်ဖက်မှုရှိပါတယ်။ အကောင်းဆုံးနှုတ်ခမ်းနီအရောင်ကတော့ နှင်းနီပန်းရောင် နဲ့ ကတ္တီဘာလိုနီတဲ့ Matte နှုတ်ခမ်းနီရောင်တွေပါပဲ။ Matte နှုတ်ခမ်းနီက ပိုပြီးသင့်တော်ပါတယ်။ အနီရောင်၊ လိမ္မော်ရောင်၊ ပန်းသွေးရောင်၊ မက်မွန်ရောင်၊ ခရမ်းရောင်သန်းတဲ့အနီရောင်တို့ပဲဖြစ်ပါတယ်။

နှုတ်ခမ်းနီရွေးတော့မယ်ဆိုရင်

အရင်ဆုံး နှုတ်ခမ်းနီကို ဆိုးကြည့်ပါ။ နူးညံ့နေပြီး သက်သောင့်သက်သာရှိတာကိုရွေးဝယ်ပါ။ နှုတ်ခမ်းအရောင်ကိုပဲမကြည့်ပါနဲ့။

Matte နှုတ်ခမ်းနီကိုဆိုးပြီးတိုင်းလည်း သေချာဖျက်ပေးပါ။ ပြီးရင် သံပုရာသီးနဲ့ ပွတ်ပြီး Scrub လုပ်ပေးပါ။ သံလွင်ဆီနဲ့ သကြားကိုလည်း လိမ်းပေးနိုင်ပါတယ်။

စာဖတ်သူတို့အနေနဲ့ ဒီဆောင်းပါးလေးကို ကြိုက်နှစ်သက်မယ်လို့မျှော်လင်ပါတယ်နော်။ စာဖတ်သူတို့အားလုံးလှသထက် လှနိုင်ကြပါစေ။