အားလုံးပဲမင်္ဂလာပါနော်။ မြန်မာဝတ်စုံချုပ်ဖို့ တခါတလေကျရင် သိပ်ကိုခေါင်းစားတာပဲနော်။ ဘယ်လိုဒီဇိုင်းကို ရွေးချယ်ရမှန်းမသိနဲ့လေ။

ဒါပေမယ့် မြန်မာဝတ်စုံဆိုရင် ဒီဇိုင်းဆန်းဆန်း၊ရှူပ်ရှုပ်ယှက်ယှက်၊ ဟိုပေါ်ဒီပေါ်တွေထက် ရိုးရှင်းပြီး လူမြင်တင့်တယ်တဲ့ ဒီဇိုင်းလေးတွေကို ပိုပြီးသဘောကျကြတဲ့သူတွေရှိလားနော်။

ဒီတခါမှာတော့ ဒီဇိုင်းအဆန်းကြီးတွေမဝတ်ဘဲ၊ လုံလုံခြုံခြုံ မြန်မာဝတ်စုံလေးနဲ့ အမြဲလှနေတဲ့ ခေတ်နဲ့ သစ်တို့ရဲ့ မေမေ ချစ်သုဝေရဲ့ မြန်မာဝတ်စုံ ဖက်ရှင်လေးတွေကို မျှဝေပေးချင်ပါတယ်နော်။

မြန်မာဝတ်စုံလေးဝတ်ရင် ဘယ်သူပဲဖြစ်ဖြစ် ကျက်သရေရှိပြီး လှနေတာဆိုတော့ စာဖတ်သူတို့လည်း မြန်မာဝတ်စုံလေးကိုအမြတ်တနိုး ဝတ်ဖြစ်ကြမယ်လို့ ထင်ပါတယ်။

မေမေဖြစ်ပြီး အရင်ထက် ပိုပြီးရင့်ကျက်တည်ငြိမ်တဲ့အလှနဲ့တွေ့ရတဲ့ ချစ်သုဝေရဲ့မြန်မာဝတ်စုံ ဖက်ရင်လေးတွေကို အတူတူကြည့်လိုက်ရအောင်။

Photo: Chit Thu Wai’s Facebook

By: MyStyle Myanmar