မင်္ဂလာပါရှင်….. ၂၀၂၃ မှာ တရုတ်ရာသီခွင်တွေ ကံကောင်းစေဖို့ ဆောင်ထားသင့်တဲ့  ဂဏန်းများ၊ အရောင်များကို ဖော်ပြပေးလိုက်ပါတယ်။

ကြွက် ( Born: 1948, 1960, 1972, 1984, 1996, 2008, 2020 )

ကြွက်နှစ်ဖွားများအတွက် ၂၀၂၃ မှာ ကံကောင်းစေတဲ့ ဂဏာန်းတွေက ၂ နဲ့ ၃ ဖြစ်ပြီး အပြာရောင်၊ ရွှေရောင်နဲ့ အစိမ်းရောင်တို့က အထူးကံကောင်းစေမယ့် အရောင်များပါ။ ပန်းကတော့ လီလီပန်းက ကံကောင်းမှုတွေကို သယ်ဆောင်ပေးမှာပါ။

နွား ( Born: 1949, 1961, 1973, 1985, 1997, 2009, 2021 )

နွားနှစ်ဖွားများအတွက် ၂၀၂၃ မှာ ကံကောင်းစေတဲ့ ဂဏာန်းတွေက ၁ နဲ့ ၄ ဖြစ်ပြီး အဖြူရောင်၊ အဝါရောင်နဲ့ အစိမ်းရောင်တို့က အထူးကံကောင်းစေမယ့် အရောင်များပါ။ ကံကောင်းစေဖို့ ကျူးလစ်ပန်းကို ဆောင်ပေးပါ။

ကျား ( Born: 1950, 1962, 1974, 1986, 1998, 2010, 2022 )

ကျားနှစ်ဖွားများအတွက် ၂၀၂၃ မှာ ကံကောင်းစေတဲ့ ဂဏာန်းတွေက ၁၊ ၃  နဲ့ ၄ ဖြစ်ပြီး  အပြာရောင်၊ မီးခိုးရောင်နဲ့ လိမ္မော်ရောင်တို့က ကံကောင်းခြင်းတွေကို ဆောင်ကျဥ်းပေးမယ့် အရောင်တွေပါ။ လီလီပန်းနဲ့ နှင်းဆီပန်းတို့က ဒီနှစ်အတွက် ကံကောင်းစေမယ့်ပန်းလေးများပါ။

ယုန် ( Born: 1951, 1963, 1975, 1987, 1999, 2011, 2023 )

ယုန်နှစ်ဖွားများအတွက် ၂၀၂၃ မှာ ကံကောင်းစေတဲ့ ဂဏာန်းတွေက ၃၊ ၄ နဲ့ ခြောက် တို့ဖြစ်ပြီး အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင်နဲ့ အပြာရောင် တို့ကို ကံကောင်းစေဖို့ အသုံးပြုသင့်ပါတယ်။ ကံကောင်းစေတဲ့ ပန်းတွေကတော့  ပိတောက်ပန်းနဲ့ စံပယ်ပန်းပါ။

နဂါး ( Born: 1952, 1964, 1976, 1988, 2000, 2012, 2024 )

နဂါးနှစ်ဖွားများအတွက် ၂၀၂၃ မှာ ကံကောင်းစေတဲ့ ဂဏာန်းတွေက ၁၊ ၆ နဲ့ ၇ ဖြစ်ပြီး အဖြူရောင်၊ ရွှေရောင်နဲ့ ငွေရောင်တို့က အထူးကံကောင်းစေမယ့် အရောင်များပါ။ ပန်းကတော့ Dragon Flower က ကံကောင်းမှုတွေကို သယ်ဆောင်ပေးမှာပါ။

မြွေ ( Born: 1953, 1965, 1977, 1989, 2001, 2013, 2025 )

၂ ၊ ၈ နဲ့ ၉ က မြွေနှစ်ဖွားများအတွက် ကံကောင်းမှုကိုယူဆောင်လာပေးမယ့် ဂဏာန်းတွေဖြစ်ပြီး အနီရောင်၊ အနက်ရောင်နဲ့ အဝါရောင်တို့က ကံကောင်းစေဖို့အတွက အသုံးပြုသင့်တဲ့အရောင်တွေပါ။ သစ်ခွပန်းကတော့ ကံကောင်းဖို့အတွက် အသုံးပြုဖို့ အကောင်းဆုံးပါပဲ။

မြင်း ( Born: 1954, 1966, 1978, 1990, 2002, 2014, 2026 )

မြင်းနှစ်ဖွားများအတွက်၂၀၂၃ မှာ ကံကောင်းစေတဲ့ ဂဏာန်းတွေက ၂၊ ၃  နဲ့ ၇ ဖြစ်ပြီး အဝါရောင်နဲ့ အစိမ်းရောင်တို့ကို ကံကောင်းစေဖို့ သုံးနိုင်ပါတယ်။ လီလီနဲ့ စံပယ်ပန်းတို့ကတော့ မြင်းနှစ်တွေအတွက် အကျိုးပေးတဲ့အရောင်ပါ။

ဆိတ် ( Born: 1955, 1967, 1979, 1991, 2003, 2015, 2027 )

ဆိတ်နှစ်ဖွားများအတွက် ကံကောင်းစေသောဂဏန်းများက ၂ နဲ့ ၇ ပါ။  အညိုရောင်၊ အနီရောင်နဲ့ ခရမ်းရောင်တို့က ကံကောင်းစေတဲ့အရောင်များဖြစ်ပြီး ကာနေရှင်းပန်းကိုတော့ ကံကောင်းတဲ့ပန်းအဖြစ် သုံးလို့ရပါတယ်။

မျောက် ( Born: 1956, 1968, 1980, 1992, 2004, 2016, 2028 )

မျောက်နှစ်ဖွားများအတွက် ၂၀၂၃ မှာ ကံကောင်းစေတဲ့ ဂဏာန်းတွေက ၄ နဲ့ ၉ ဖြစ်ပြီး အပြာရောင်၊ ရွှေရောင်နဲ့ အဖြူရောင်တို့က အထူးကံကောင်းစေမယ့် အရောင်များပါ။ ပန်းကတော့ ဂန္ဓမာပန်းက ကံကောင်းမှုတွေကို သယ်ဆောင်ပေးမှာပါ။

ကြက် ( Born: 1957, 1969, 1981, 1993, 2005, 2017, 2029 )

၅ ၊ ၇ နဲ့ ၈ က ကြက်နှစ်ဖွားများအတွက် ကံကောင်းမှုကိုယူဆောင်လာပေးမယ့် ဂဏာန်းတွေဖြစ်ပြီး ရွှေရောင်၊ အညိုရောင်၊ ပန်းရောင်တို့က ဒီနှစ်အတွက ကံကောင်းစေပါတယ်။ သစ္စာပန်းကတော့ ကံကောင်းဖို့အတွက် အသုံးပြုဖို့ အကောင်းဆုံးပါပဲ။

ခွေး ( Born: 1958, 1970, 1982, 1994, 2006, 2018, 2030 )

ခွေးနှစ်ဖွားများအတွက် ကံကောင်းစေတဲ့ ဂဏန်းများမှာ ၃၊ ၄ နဲ့ ၉ ဖြစ်ပြီး အနီရောင်၊ အစိမ်းရောင်နဲ့  ခရမ်းရောင်တို့က ခွေးနှစ်ဖွားများကို ကံကောင်းစေမှာပါ။ ပန်းကတော့ နှင်းဆီပန်းက ကံကောင်းမှုတွေကို သယ်ဆောင်ပေးမှာပါ။

ဝက် ( Born: 1959, 1971, 1983, 1995, 2007, 2019, 2031 )

 

ဝက်နှစ်ဖွားများအတွက် ကံကောင်းစေသောဂဏန်းများက ၂၊ ၅ နဲ့ ၈ ပါ။  အညိုရောင်၊ အဝါရောင်နဲ့ မီးခိုးရောင်တို့က ကံကောင်းစေတဲ့အရောင်များဖြစ်ပြီး ဒေစီပန်းကိုတော့ ကံကောင်းတဲ့ပန်းအဖြစ် သုံးလို့ရပါတယ်။