Black hair နဲ့ဆိုရင် ရိုးတယ်၊ လူကြီးဆန်တယ်လို့ တော်တော်များများက ပြောကြပါတယ်။ တကယ်တော့ black hair နဲ့က ဘယ်လိုနေနေ၊ ဘယ်လိုပုံစံပြင်ပြင် ထင်းပြီးလှနေစေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ black hair လေးတွေအတွက် လူကြီးမဆန်အောင် တရုတ်မလေးတွေပြင်နေကျ ချစ်ဖို့ကောင်းတဲ့ ဆံပင်စတိုင်လ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဆံပင်စတိုင်လ်လေးဆိုရင် လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ဆံပင်ရှည်ရှည် black hair လေးတွေနဲ့ဆို အရမ်းလိုက်ဖက်ပါတယ်။

ဆံပင်ကို ပြင်နေကျပုံစံတွေထဲက ကွဲထွက်ချင်ရင် ဒီပုံစံလေး လုပ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းချင်ရင်တော့ ဒီဆံပင်စတိုင်လ်လေးကို ပြင်ကြည့်ပါ။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပါတယ်။

ဒီဆံပင်စတိုင်လ်လေးဆိုရင် မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ Black hair လေးတွေနဲ့ဆို ထင်းပြီးလှနေမယ့် ပုံစံလေးပါ။

ကျစ်ဆံမြီးကျစ်ရင် လူကြီးဆန်တယ်ဆိုပြီး ပြောလေ့ရှိကြပါတယ်။ Black hair ကို ကျစ်ဆံမြီးလည်းကျစ်မယ်၊ လူကြီးဆန်တာမျိုးလည်း လုံးဝမဖြစ်စေမယ့် ပုံစံဆိုရင်တော့ ဒီဆံပင်စတိုင်လ်လေးပါပဲ။ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းသလို မျက်နှာလေးလည်း ရှင်းနေစေပါတယ်။

ကျစ်ဆံမြီးကို ပုံမှန်ကျစ်နေကျရိုးရိုးကြီးတွေ မကျစ်ပဲနဲ့ ဒီလိုလေးကျစ်ကြည့်ပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။

ဆံပင်အရှည်ကြီးလည်းဖြစ်တယ်၊ black hair လေးလည်း ဖြစ်တယ်ဆိုရင် ဒီဆံပင်စတိုင်လ်လေးကို ပြင်ကြည့်ပါ။ ဆန်းပြီး ချစ်ဖို့ကောင်းသလို လူငယ်ဆန်ပြီး တက်ကြွတဲ့ပုံစံလေး ဖြစ်စေပါတယ်။

ဆံပင်ကိုဖားလျားချပြီး ကလစ်တပ်တာမျိုးလေးတွေက ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ Black hair လေးတွေနဲ့လည်း အရမ်းလိုက်ပါတယ်။

ဆံပင်ကို ဒီလိုလေးပြင်တာဆိုရင် ဘယ်တော့မှရိုးမသွားပါဘူး။ Black hair ကိုမှ ဆံပင်အရှည်ကြီးတွေနဲ့ဆို ပိုတောင်လိုက်ဖက်ပါသေးတယ်။

Black hair အရှည်ကြီးကိုမှ ဒီလိုလေး တစ်ဝက်စည်းတာမျိုးလေးတွေဆိုရင် အရမ်းလှပါတယ်။

လူငယ်ဆန်ပြီး မိန်းကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းအောင် ဘီကုတ်လေးတွေလည်း အမျိုးမျိုးတပ်လို့ရပါသေးတယ်။

Photo source:www.pinterest.com