Fair Xing လို့ သိကြတဲ့ တရုတ်မင်းသမီးလေး Xing Fei ကိုတော့ “Put your head on my shoulder” ဆိုတဲ့ ဇာတ်လမ်းနဲ့ ရင်းနှီးကြမှာပါ။ သူမက အရပ် ၅ ပေ ၄ လက်မ ဝန်းကျင်ရှိကာ ပိန်ပိန်ပါးပါးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တရုတ်မင်းသမီးလေး Xing Fei ဝတ်လေ့ရှိတဲ့ ပေါ့ပေါ့ပါးပါး စတိုင်တွေကို ဖော်ပြလိုက်ပါတယ်။

Xing Fei က Hoodie ကိုမှ ဘောင်းဘီရှည် ဒဲ့ပွလေးနဲ့ တွဲဝတ်ထားပါတယ်

လုံလုံခြုံခြုံရှိတဲ့ ဂျင်းစကပ်ရှည်နဲ့အတူ ဆွယ်တာကို တွဲဝတ်ထားတဲ့ Xing Fei

အပြင်ကုတ် လက်တိုကို ဘောင်းဘီရှည်နဲ့ အရောင် တိုက်ဝတ်ကာ စတိုင်ကျနေတဲ့ သူမ

ဆွယ်တာ Vest နဲ့ လှနေတဲ့ Xing Fei ကို တွေ့ရမှာပါ။

Xing Fei က ဘောင်းဘီအတိုလေးတွေ ဝတ်တာများပြီး ဒီစတိုင်နဲ့လည်း လိုက်ဖက်နေပါတယ်။

အင်္ကျီအပွ ဘောင်းဘီအပွနဲ့ အတူ ပေါ့ပေါ့ပါးပါး စတိုင်နဲ့ လှနေတဲ့ Xing Fei

ရှပ်အင်္ကျီလေးက မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့ အဝတ်အစားစတိုင် ဖြစ်ကာ ဒီဘောင်းဘီအရောင်လေးက သင့်ကို ပိုစတိုင်ကျစေပါလိမ့်မယ်။

အပြာရောင် စကပ်နဲ့ ချစ်ဖို့ကောင်းစွာ ရယ်နေတဲ့ Xing Fei ကို တွေ့ရမှာပါ။

ပိန်တဲ့သူက ဘာဝတ်ဝတ် လှတယ်ဆိုတဲ့ စကားက Xing Fei အတွက်တော့ မှန်ကန်ပါတယ်။

ယောကျာ်းဆန်တဲ့ စတိုင်နဲ့ တွေ့မြင်ရမယ့် Xing Fei

ရာသီဥတု အေးတဲ့အချိန် ဝတ်နိုင်မယ့် Hoodie အပွနဲ့ ဘောင်းဘီအပွ

လူငယ်ဆန်ဆန် စတိုင်လေးနဲ့ လှနေတဲ့ Xing Fei ကို တွေ့ရမှာပါ။

သင်က မင်းသမီး Xing Fei ရဲ့ ဘယ် တရုတ်ဇာတ်လမ်းတွေကို ကြည့်ဖူးလဲ၊ Xing Fei ရဲ့ ပရိတ်သတ်လား ပြောပြခဲ့ပါဦး။

Photo source: Pinterest

By MyStyle Myanmar