လူတွေနဲ့ ဆက်ဆံရာမှာ ပိုပြီးလေးစားသမှု ခံယူချင်ပါသလား။ သင့်အဝတ်အစားတွေထဲက ဘယ်လိုအဝတ်အထည်နဲ့ အသုံးအဆောင်တွေက မရင့်ကျက်တဲ့ ကလေးတစ်ယောက်လို ဖြစ်သွားစေနိုင်လဲဆိုတာ လေ့လာထားပါ။

တည်ကြည့်ရင့်ကျက်တဲ့ သူတစ်ယောက်ဖြစ်အောင် ကလေးဆန်တဲ့အဝတ်အစားတွေကို ရှောင်ကြဉ်ပါ။

အပြေးဖိနပ်တွေ

အပြေးဖိနပ်တွေကို တကယ်အပြေးလေ့ကျင့်နေချိန်မဟုတ်ဘဲ ဝတ်တာက ကလေးဆန်စေပါတယ်။ အရောင်စုံ ဒီဇိုင်းတွေနဲ့ အပြေးဖိနပ်တွေကို စီးမယ့်အစား အဖြူ၊ အနက်၊ မီးခိုး စတဲ့ တစ်ရောင်ထဲ Sneaker တွေကို စီးတာက ပိုသင့်တော်ပါတယ်။

ခေါင်းစွပ်အင်္ကျီတွေ

ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသမီးတွေကို ခေါင်းစွပ်အင်္ကျီနဲ့ မြင်ဖူးပါသလား။ ဟုတ်ပါတယ်။ ခေါင်းစွပ်ပါတဲ့ Hoodies တွေက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက်ပါ။ ခေါင်းစွပ်အင်္ကျီတွေကို ရှင်းထုတ်ပြီး ဂျာကင်တွေဝတ်ဖို့ စဉ်းစားပါ။

ကျောပိုးအိတ်

လူငယ်တွေပဲ ကျောပိုးအိတ်လွယ်ကြပါတယ်။ လုပ်ငန်းခွင်ဝင်နေပြီဖြစ်တဲ့ သက်လတ်ပိုင်းတွေက လက်ဆွဲအိတ်သုံးကြပါတယ်။ စီးပွားရေးနယ်ပယ်မှာ ဝင်ဆံ့ချင်တယ်ဆိုရင် ကျောပိုးအိတ်က အဆင်မပြေပါဘူး။ လက်ဆွဲအိတ် ဒါမှမဟုတ် ဘေးလွယ်အိတ်ကောင်းကောင်းတစ်လုံး ရှိနေဖို့ လိုပါတယ်။

နောက်ဆုံးအချက်အနေနဲ့ကတော့ ခန္ဓာကိုယ်ထက် ပိုကြီးတဲ့အဝတ်အစားတွေကို ကလေးတွေပဲ ဝတ်ပါတယ်။ တည်ငြိမ်ရင့်ကျက်တဲ့ အရွယ်တွေက ခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီတဲ့အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါတယ်။