စာရေးသူရော စာဖတ်သူတို့ရော အခုလိုအရွယ်ရောက်ပြီး ကြီးပြင်းလာကြတဲ့အချိန်မှာ အတိတ်က အဖြစ်အပျက်တွေကို ပြန်လည်သတိရပြီး ကြည်နူးတတ်ကြပါတယ်။ ငယ်စဥ်ကျောင်းသားဘဝ အများစုက ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့ကြမယ်ထင်ပါတယ်။ ကျောင်းသားဘဝဟာ အလွတ်လပ် အပျော်ရွှင်ဆုံးအချိန်လို့ ပြောရင်မှားမယ်မထင်ပါဘူး။ သူငယ်ချင်း ဘော်ဒါတွေနဲ့ အတူတူဆိုးမိုက်ခဲ့ကြဖူးသလို ပျော်စရာအမှတ်ရစရာတွေ အများကြီးဖန်တီးခဲ့ကြဖူးပါတယ်။ ဒီနေ့တော့ ငယ်စဉ်ကျောင်းသားဘဝကို ပြန်ပြီးလွမ်းဆွတ်သတိရစေမည့် ရုပ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

လွယ်အိတ်ကို ပုံစံအမျိုးမျိုးနဲ့ လွယ်ခဲ့ကြတယ်။ တစ်ချို့ကလေးတွေကြတော့ ဘီးပါတဲ့လွယ်အိတ်တွေ အသုံးပြုခဲ့ကြတယ်။

အတန်းခေါင်းဆောင်ခန့်ခံရလို့ ဂုဏ်ယူခဲ့ရဖူးတယ်။

သင်္ချာကို ဒီလိုမျိုးလက်ချိုးရေပြီးတွက်ခဲ့ရသလို၊ ကိုယ့်စိတ်ကြိုက်သတ္တဝါတွေပုံကို မြင်ယောင်ပြီးလည်း တွက်ခဲ့ရတယ်။

ကျောက်သင်ပုန်းဖျက်ရတဲ့ အလုပ်က ပျော်စရာကောင်းတဲ့ အလုပ်တစ်ခုဖြစ်ခဲ့ဖူးတယ်။

ကျောင်းပြန်မဖွင့်ခင် တစ်ရက်ကတော့ စိန်ခေါ်မူတွေနဲ့ ရင်ဆိုင်ရတဲ့နေပဲ။

စာတော်တဲ့ သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းလုပ်ရတာက အလွန်အကျိုးရှိခဲ့ဖူးတယ်။

အတန်းထဲ ဆရာမစာသင်နေချိန် သူငယ်ချင်းတွေနဲ့ မုန့်ခိုးစားရတဲ့ အရသာက ဘာနဲ့မှမလဲနိုင်ဘူး။

ကျောင်းချိန်တွင်း ကာတွန်းစာအုပ်တွေ ခိုးဖတ်ဖူးကြတယ်။

ဖတ်စာအုပ်မပါလာလို့ တစ်ခြားလူတွေနဲ့ ပေါင်းကြည့်ရတာလဲ အမှတ်ရစရာတစ်မျိုးပဲ။

မွေးနေ့ပါတီကို သူငယ်ချင်းတွေ စုံစုံလင်လင်နဲ့ ကျင်းပခဲ့ဖူးကြတယ်။

ကွန်ပျူတာခန်းထဲမှာ လျှောက်ကလိဖူးကြတယ်။

Source: Bright Side