မိုးရာသီရောက်ပြီဆိုရင် တခြား နွေနဲ့ဆောင်း ရာသီဥတုတွေထက် အဝတ်အစားတွေဝတ်ဆင်ရတာ အခက်အခဲတွေပိုများတတ်ပါတယ်နော်။ ဘာလို့လဲဆိုတော့ ကိုယ်က စတိုင်ကျကျ ဖက်ရှင်မိမိတွေနဲ့ အလန်းစားဝတ်သွားပေမယ့်လည်း မိုးက ရုတ်တရက် ကောက်ပြီးရွာချလိုက်ချိန်မှာတော့ ကြွက်စုတ်လိုမျိုး စိုရွဲသွားနိုင်ပါတယ်။

ရာသီဥတုအလိုက် အဝတ်အစားရွေးချယ်တာ အဆင်မပြေဘူးဆိုရင်တော့ ခြောက်သင့်တဲ့အချိန်မှာ မြန်မြန်မခြောက်ဘဲ စိုစိစိဖြစ်နေပါလိမ့်မယ်။ မိုးရာသီအတွက်လည်း သင့်တော်ပြီး ကိုယ်ကြိုက်တဲ့စတိုင်အတိုင်းလည်း ဝတ်ဆင်နိုင်ဖို့အတွက် လေ့လာသင့်ရင်တော့ လေ့လာထားရမှာပေါ့နော်။

မိုးရွာပြီဆိုတော့ ဖိနပ်တွေစိုမယ်၊ နောက်ပြီး မိုးတအားသည်းလာရင် ချမ်းပါချမ်းလာနိုင်တယ်ဆိုတော့ အဖက်ဖက်ကနေ ဖြည့်တွေးပြီးတော့ အဝတ်အစားဝတ်ဖို့ လိုလာပါပြီ။ ကဲ..ဒါဆိုရင်‌တော့ အခု ဖော်ပြပေးသွားမယ့် ဖက်ရှင်ဒီဇိုင်းလေးတွေကို လေ့လာရင်းနဲ့ မိုးလေးတွေ တဖွဲဖွဲရွာသွန်းချိန်နဲ့ လိုက်ဖက်အောင် ဝတ်ဆင်လိုက်ပါနော်။

Image Source: Pinterest