အခုမှ ပထမဆုံးတတ်တူးထိုးဖို့ စဥ်းစားနေတာလား ? တတ်တူးဆိုတာက လူအများထိုးလေ့ရှိကြပေမယ့် တစ်သက်တာလုံးနဲ့ဆိုင်တဲ့အရာမလို့ သေချာစဥ်းစားဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် ပထမဆုံး တတ်တူးထိုးဖို့ စဉ်းစားနေတယ်ဆိုရင် အချစ်ဦးရဲ့ နာမည်အပြည့်အစုံထက် ပေါ့ပါးတဲ့ပုံစံ တတ်တူးဒီဇိုင်းအသေးလေးနဲ့ စတင်ဖို့ အကြံပြုလိုပါတယ်။

ဒါကတော့ အကြံပြုလိုတဲ့ တတ်တူးဒီဇိုင်းအသေးလေးတွေပါ။

လက်ချောင်းပေါ်မှာ နူးညံ့သိမ်မွေ့တဲ့လက်စွပ်ပုံစံတက်တူးက ချစ်ဖို့ကောင်းတဲ့ပုံစံလေးပါ။

လက်ကောက်ဝတ်၊ ခြေကျင်းဝတ် ဒါမှမဟုတ် တစ်နေရာရာမှာ သိမ်မွေ့စွာ ဝှက်ထားတဲ့ နှလုံးသေးသေးလေးက အရာများစွာကို ကိုယ်စားပြုနိုင်ပါတယ်။

သင်ကခရီးသွားရတာနှစ်သက်တဲ့သူဆိုရင်တော့ ချစ်စရာကောင်းတဲ့လေယာဉ်လေးက သင့်အတွက်ပါပဲ။

မွေးတဲ့နှစ်၊ ကံကောင်းဂဏန်း ဒါမှမဟုတ် ဘဝရဲ့ အရေးကြီးတဲ့ မှတ်တိုင်တစ်ခု အောင်မြင်တဲ့နေ့ကလည်း ပထမဆုံးတတ်တူးအတွက် သင့်တော်ပါတယ်။

တချို့ကလည်း စကားလုံးတစ်လုံးတည်းကို ရွေးတတ်ကြပါတယ်။

သင့်ရာသီခွင်သင်္ကေတကလည်း ပထမဆုံးတတ်တူးအတွက် စိတ်ကူးကောင်းတစ်ခုပါပဲ။

စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဆန့်ကျင်ပြီး စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုတဲ့ သင်္ကေတဖြစ်တဲ့ Semicolon တက်တူးကလည်း ပထမဆုံးတတ်တူးဖြစ်ဖို့ ထိုက်တန်ပါတယ်။

အကြိုက်ဆုံးတိရိစ္ဆာန်တွေကို ကိုယ်စားပြုတဲ့ တက်တူးတွေဟာ အတော်လေးကို ရိုးရှင်းပြီး ချစ်စရာကောင်းပါတယ်။

လှပပြီး သပ်ရပ်တဲ့ အရာတစ်ခုကို လိုချင်တာဆိုတော့ ပန်းလေးတွေကို မေ့ထားလို့မရပါဘူး။