မင်္ဂလာပါ ပျိုမေတို့ရေ။ ကိုယ်က စကပ်တို၊ ဘောင်းဘီတို ဝတ်နေမကျတဲ့သူဆိုရင် သက်တောင့်သက်သာနဲ့ ဝတ်လို့ကောင်းမယ့် စကပ်ရှည်ဖက်ရှင်လေးတွေ ရွေးချယ်ပေးတာ အကောင်းဆုံးပါပဲနော်။ Midi Skirt လို့ခေါ်တဲ့ ဒူးအရှည် စကပ်လေးတွေက ဝတ်ရပေါ့ပါးတာမို့ ပူတဲ့ရာသီတွေအတွက်အဆင်ပြေသလို အမြင်လည်းမရိုင်းဘဲ ဘယ်သွားသွားဝတ်နိုင်တဲ့ ဖက်ရှင်လေးလို့ ပြောလို့ရပါတယ်။
ဒီတစ်ခေါက်မှာ စကပ်ရှည်လေးတွေကို စတိုင်ပိုကျဖို့ တွဲစပ်ဝတ်သင့်တဲ့ Outfit Idea လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Body အချိုးအစားတိုင်းအတွက်အဆင်ပြေသလို ခေတ်မှီပြီး အထာကျစေမှာဖြစ်လို့ စိတ်ဝင်စားရင် ဆက်ကြည့်ရအောင်နော်-
ခါးတို Tee လေးတွေနဲ့ တွဲဝတ်မယ်
အပေါ်အောက် နှစ်မျိုးလုံးအရှည်ဝတ်တာထက် စကပ်ရှည်ကို အပေါ်က ခါးအတို Crop အင်္ကျီလေးတွေနဲ့ တွဲဝတ်တာက အမြင်ပိုဆန်းသလို အထာလည်းကျပါတယ်။
Cardigan အလှလေးတွေနဲ့ တွဲဝတ်မယ်
Cardigan လေးတွေက မိန်းကလေးတိုင်းနဲ့လိုက်သလို တစ်ထည်လောက်ရှိရုံနဲ့ အမျိုးမျိုးတွဲဝတ်လို့ရတဲ့ ဖက်ရှင်လေးဖြစ်တာမို့ စကပ်ရှည်လေးတွေနဲ့ တွဲဝတ်ဖို့လည်း အဆင်ပြေပါတယ်။ Cardigan ကို စကပ်ထဲထည့်ဝတ်တာ ဒါမှမဟုတ် ခါးတိုလေးတွေ ဝတ်တာမျိုး လုပ်ကြည့်ပါ။
Oversized အင်္ကျီလေးတွေနဲ့ တွဲဝတ်မယ်
Oversized အင်္ကျီအပွလေးတွေကို စကပ်ထဲထည့်ပြီး ပေါ့ပေါ့ပါးပါးလေးဝတ်တာကလည်း Outfit အတွက် ခေါင်းစားစရာမလိုဘဲ ရိုးရိုးလေးနဲ့ လှနေမယ့် ဖက်ရှင်လေးဖြစ်ပါတယ်။
အရောင်ဆင်တဲ့ Tank Top လေးတွေနဲ့ ဝတ်မယ်
Tank Top အင်္ကျီလေးတွေက ဘာနဲ့တွဲဝတ်ဝတ် လိုက်တာမို့ အရောင်စုံဒီဇိုင်းလေးတွေရှိထားတာ မမှားပါဘူး။ ကိုယ်ဝတ်မယ့် စကပ်ရှည်အရောင်နဲ့ တိုက်ပြီး ဝတ်လိုက်ရုံပဲမို့ ပေါ့ပေါ့ပါးပါးလေးနဲ့ စတိုင်ကျစေမှာပါ။
လက်ဖောင်းအင်္ကျီလေးတွေနဲ့ တွဲဝတ်မယ်
ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ လက်ဖောင်းအင်္ကျီလေးတွေကို စကပ်အရှည်လေးနဲ့ တွဲဝတ်လိုက်တာက ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်လေးရစေပါတယ်။
T-Shirt လက်ရှည်အပါးလေးနဲ့ တွဲဝတ်မယ်
နောက်ထပ်ရိုးရိုးလေးနဲ့ ထသွားထလာအတွက် အဆင်ပြေတာကတော့ T-Shirt လက်ရှည်လေးနဲ့ တွဲဝတ်တာပါ။ တစ်ထပ်တည်း လွတ်လွတ်လပ်လပ်ဝတ်လို့လှသလို လက်ရှည်လေးမို့ နေပူဒဏ်ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar