အခုလိုမိုးရာသီမှာ သိပ်မပူအိုက်ပဲ့ နေလို့ကောင်းတဲ့ ဒီလိုအချိန်မျိုးမှာဆိုရင် အဝတ်အစားကို မိုးရာသီနဲ့လိုက်ဖက်ပြီး ချစ်စရာကောင်းတာမျိုးလေးတွေ ရွေးဝတ်သင့်တယ်နော် ပျိုမဒီလေးတွေရေ..။ ဒါပေမယ့် ကိုယ်ဝတ်လိုက်တဲ့အဝတ်အစားက ပေါ့ပါးမှုရှိပြီး သက်တောင့်သက်သာဖြစ်ဖို့တော့ လိုတာပေါ့။ ဒါကြောင့် ပျိုမေတို့အတွက် ဝတ်ရတာပေါ့ပါးမှုရှိပြီး ချစ်စရာကောင်းစေမယ့် မိုးရာသီဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

အရမ်းမကျပ်တဲ့ ဂျင်းဘောင်းဘီအရှည်လေးတွေကိုမှ ဆွယ်တာအင်္ကျီအပါးလေးတွေနဲ့ တွဲဝတ်တာမျိုးက အရမ်းလည်းမပူစေတဲ့အတွက် ဝတ်ရတာ သက်တောင့်သက်သာဖြစ်စေပါတယ်။ ဒါ့အပြင် မိုးရာသီနဲ့လိုက်ဖက်ပြီး ချစ်စရာကောင်းစေပါတယ်။

ဒူးဖုံးစကပ်အကားလေးတွေကို ရှပ်အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်တာမျိုးကျတော့ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေတယ်။

ဘောင်းဘီအရှည်အပွလေးတွေကို လက်တံတောင်ဆစ် Top လေးတွေနဲ့ တွဲဝတ်ရင်လည်း အရမ်းအထာကျစေပါတယ်။

ဒူးဖုံးစကပ်လှလှလေးတွေကို ချစ်စရာကောင်းတဲ့ အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်တာမျိုးကလည်း မိုးရာသီနဲ့ အလိုက်ဖက်ဆုံးပါပဲ။ သိပ်ပြီးလည်း မတိုမရှည်တဲ့အတွက် ဝတ်ရတာလည်း သက်တောင့်သက်သာဖြစ်စေပါတယ်။

စကပ်အတိုလေးတွေဝတ်ရတာ ကြိုက်တဲ့သူတွေဆိုရင် အခုလိုမိုးရွာတဲ့အချိန်မှာ ချစ်စရာကောင်းတဲ့ အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ မိုးရာသီနဲ့လည်း လိုက်ဖက်တဲ့အပြင် မိန်းကလေးဆန်ပြီး ချစ်စရာကောင်းနေမှာပါ။

ဒူးဖုံးစကပ်အကျပ်လေးတွေကိုလည်း လက်ရှည်အင်္ကျီလေးတွေနဲ့ပဲဖြစ်ဖြစ်၊ လက်တံတောင်ဆစ်အင်္ကျီလေးတွေနဲ့ပဲဖြစ်ဖြစ် လှလှလေးတွဲဝတ်ပြီး မိုးးတွင်းမှာ ရှိုးထုတ်လို့ရပါသေးတယ်။ ဒီဖက်ရှင်လေးတွေက ဝတ်ရတာလည်း သက်တောင့်သက်သာဖြစ်စေတယ်။

မိန်းကလေးတိုင်းကြိုက်တဲ့ ဘောင်းဘီအနက်လေးတွေကို မိုးရာသီမှာ လက်ရှည်အင်္ကျီလှလှလေးတွေ၊ လက်တံတောင်ဆစ်အင်္ကျီ လှလှလေးတွေနဲ့ တွဲဝတ်လိုက်ပါ။

ဂါဝန်အကျီလက်ရှည်လေးတွေဆိုလည်း ရာသီအေးတဲ့မိုးတွင်းမှာ ဝတ်လို့အရမ်းကောင်းပါတယ်။

Photo Source: www.pinterest.com