မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ အညိုရောင်ကြိုက်တဲ့သူတွေရှိကြလား။ များသောအားဖြင့် အညိုရောင်ကြိုက်တဲ့သူတွေရဲ့ စိတ်နေစိတ်ထားအများစုက အေးအေးဆေးဆေးနေရတာကြိုက်ပြီး ကြင်နာတတ်တဲ့စိတ်ရင်းရှိကြသူတွေဖြစ်ပါတယ်။

အညိုရောင်နဲ့ ပက်သတ်တဲ့ ပစ္စည်းလေးတွေဟာ အမြင်လည်းအေးသလို အသားဖြူသူ၊ ညိုသူမရွေး လိုက်ဖက်တာမို့ Classic ဖြစ်တဲ့ အရောင်တစ်ရောင်လို့ပြောလို့ရပါတယ်။ ဖက်ရှင်ပိုင်းမှာလည်း အညိုရောင်လေးကို ရွေးချယ်တာက တည်ငြိမ်ပြီး ထည်ဝါတဲ့ ဆွဲဆောင်မှုမျိုးရစေမှာပါ။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ဒီဇိုင်းဆန်းသလို လူငယ်ဆန်တဲ့ အညိုရောင်ဖက်ရှင်လေးတွေ ခေတ်စားလာပြီဖြစ်လို့ Trend နဲ့အညီဝတ်ချင်တဲ့ ပျိုမေတိုင်းအတွက် အကြိုက်တွေ့စေမှာအမှန်ပါပဲ။


လူတော်တော်များများက ကိုယ်ကြိုက်တဲ့အရောင်လေးတွေဆိုရင် သူနဲ့ပက်သက်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကအစ မျက်လုံးထဲထင်းနေတတ်တာမို့ ရွေးဝယ်မိ၊ ဝတ်မိတတ်ကြတာများပါတယ်။

ဒီတစ်ခေါက်မှာ အညိုရောင်ကိုမှ ဝတ်ရတာကြိုက်တဲ့သူတွေ၊ အရောင်ငြိမ်တာလေးတွေကို သဘောကျတဲ့ပျိုမေတို့အတွက် ခေတ်ဆန်သလို ထသွားထလာအတွက်ပါ ဝတ်လို့အဆင်ပြေတဲ့ အညိုရောင်ဖက်ရှင်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ တစ်ကိုယ်လုံး ဒီတစ်ရောင်ထဲပဲဝတ်မလား၊ အခြားအရောင်တွေနဲ့တွဲဝတ်မလား ကိုယ်နှစ်သက်သလိုဝတ်လို့လှတာမို့ စိတ်ဝင်စားရင် ဆက်ကြည့်ကြရအောင်နော်-

Photo Source: Pinterest, preview.ph

By MyStyle Myanmar