မင်္ဂလာပါနော်။ တက်တူးထိုးရတာကြိုက်တဲ့ ကောင်မလေးတွေနဲ့လိုက်ဖက်မယ့် လက်ကောက်ဝတ်ပေါ်မှာ ထိုးနိုင်တဲ့ တက်တူးဒီဇိုင်းလှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တက်တူးအကြီးကြီးတွေထက် သေးသေးလေးနဲ့ထင်းနေတာမျိုးလေးတွေက အမြင်လည်းမရိုင်းသလို အနာအရမ်းမခံနိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

ဒီလိုတက်တူးအသေးလေးတွေကို လက်ကောက်ဝတ်မှာထိုးထားတာက အခြား Accessories တွေ ဝတ်စရာမလိုဘဲ သင့်လက်အလှပိုပေါ်ပြီး အထာကျစေမှာပါ။ ဒီတော့ စိတ်ဝင်စားရင် အတူတူကြည့်လိုက်ရအောင်ပါ။

၁။ စကားစုပုံလေးတွေ

စကားလုံးတစ်လုံး ဒါမှမဟုတ် စကားစုလေးတွေက လက်ကောက်ဝတ်မှာထိုးဖို့အရမ်းလိုက်ဖက်ပါတယ်။ အဓိပ္ပာယ်လည်းရှိသလို အမြဲပြန်သတိရနေမယ့် ကိုယ်တစ်ယောက်ထဲသိနိုင်တဲ့ အမှတ်တရလေးတစ်ခု ဖြစ်စေမှာပါ။

၂။ ဌက်ပုံလေးတွေ

ဌက်ကလေးတွေက လွတ်လပ်ခြင်းနဲ့ ရဲရင့်ခြင်းအဓိပ္ပာယ်ကိုဆောင်ပါတယ်။ တက်တူးအနေနဲ့ ထိုးဖို့အတွက်လည်း အရမ်းထူးခြားတဲ့ဒီဇိုင်းလေးတွေပါ။

၃။ အသည်းပုံတက်တူးလေးတွေ

အသည်းပုံလေးတွေက ရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းသလို မိန်းကလေးတွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။ ပုံထဲကလို အရောင်လေးတွေစပ်ပြီးထိုးကြည့်ပါ။ လူငယ်ဆန်ပြီး ထင်းထင်းလေးနဲ့ ပိုလှပါတယ်။

၄။ လခြမ်းပုံလေးတွေ

လခြမ်းလေးတွေက အမြင်ဆန်းသလို သူ့မှာ ဘ၀ Chapter တစ်ခုစတင်ခြင်း၊ ပြောင်းလဲခြင်းဆိုတဲ့ အဓိပ္ပာယ်တွေပါဝင်နေပါတယ်။

၅။ ပန်းပုံဒီဇိုင်းလေးတွေ

ပန်းလေးတွေတိုင်းမှာ အဓိပ္ပာယ်ကိုယ်စီရှိကြတာမို့ ကိုယ့်မွေးလ ဒါမှမဟုတ် ကိုယ့်အကြောင်းနဲ့ဆက်စပ်နေတဲ့ ပုံစံဒီဇိုင်းလေးတွေ ရွေးချယ်ပြီး တက်တူးထိုးကြည့်နိုင်ပါတယ်။

၆။ ကြယ်နဲ့ Sparkles ပုံစံလေးတွေ

ဒီလိုပုံလေးတွေကလည်း စိတ်ကူးယဉ်ဆန်ပြီး ထူးခြားသလို သင့်လက်ကောက်ဝတ်မှာ ထင်းနေစေမယ့် ဒီဇိုင်းလေးတွေပါ။

၇။ လိပ်ပြာပုံတက်တူးလေးတွေ

လိပ်ပြာပုံလေးတွေကလည်း ရိုးရိုးလေးနဲ့ ချစ်စရာကောင်းပြီး မိန်းကလေးတွေနဲ့လိုက်တဲ့ဒီဇိုင်းလေးဖြစ်ပါတယ်။

၈။ နေနဲ့လပုံလေးတွေ

ထူးထူးခြားခြားလေးဖြစ်ဖို့ နေနဲ့လကို ဆယ်သွယ်ထားတဲ့ တက်တူးဒီဇိုင်းမျိုး ထိုးကြည့်ပါ။ ချစ်သူ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့လည်း အတူထိုးလို့ကောင်းတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်။

၉။ လှိုင်းပုံလေးတွေ

ပင်လယ်ပြင်နဲ့ကမ်းခြေကို ကြိုက်တဲ့သူတွေအနေနဲ့ လှိုင်းပုံလေးတွေ Try ကြည့်ပါ။ လန်းဆန်းတဲ့ Vibe လေးရပြီး အရမ်းလည်းလှပါတယ်။

၁၀။ မိုးကြိုးသွား ပုံစံလေး

မိုးကြိုးသွားပုံစံလေးကလည်း သင့်လက်ကောက်ဝတ်မှာ သေးသေးလေးနဲ့ ထင်းနေစေမယ့် ဒီဇိုင်းလေးဖြစ်ပါတယ်။

Photo Source: preview.ph, Pinterest