အကြိုက်ဆုံးအရောင်ကိုမေးလိုက်ရင် တော်တော်များများရဲ့အဖြေက အနက်ရောင်ပါပဲ။ အနက်ရောင်မကြိုက်တဲ့သူက ရှားပါတယ်။ အရင်ကဆိုရင် All Black ဖက်ရှင်တွေက အရမ်းကိုခေတ်စားခဲ့တာပါ။ ဒီလိုအရင်ထဲကခေတ်စားလာတဲ့ All Black ဖက်ရှင်လေးတွေကို အထာကျကျနဲ့ဝတ်ဆင်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

အနက်ရောင်စကပ်လေးတွေကို ခပ်မိုက်မိုက်တီရှပ်အနက်ရောင်လေးနဲ့တွဲတာမျိုးကတော့ Freestyle လည်းဖြစ်သလို လူငယ်လည်းဆန်ပါတယ်။ ဒေါက်ဖိနပ်အနက်ရောင်လေးသာ စီးလိုက်မယ်ဆိုရင်တော့ စတိုင်လ်ကျပြီးမိုက်နေမှာပါ။ ဒီ All Black ဖက်ရှင်လေးဆိုရင် အလွယ်တကူဝတ်လို့ရတာလေးဖြစ်လို့ မိန်းကလေးတိုင်းအတွက် အဆင်အပြေဆုံးပါ။

All Black ဖက်ရှင်တွေကိုဝတ်ဆင်တဲ့အခါမှာ Classic ဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိချင်ရင်တော့ Style pants အနက်ရောင်လေးကို ဆွယ်တာအနက်ရောင်လေးတွေ၊ ကိုယ်ကျပ်အနက်ရောင်လေးတွေနဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်အနက်ရောင်လေးစီးပါ။ အထက်တန်းဆန်ဆန်နဲ့ ဆွဲဆောင်မှုအပြည့်ရှိနေမှာ သေချာပါတယ်။ ဒါကတော့ ရုံးသွားတဲ့အခါမျိုးမှာတောင် ဝတ်သွားလို့အဆင်ပြေတဲ့ဖက်ရှင်လေးပါ။

အခုနောက်ပိုင်းမှာတော့ Leather လေးတွေက အရမ်းကိုခေတ်စားလာပါတယ်။ သင့်အနေနဲ့ ဒီလိုခေတ်စားလာတာလေးတွေကို တစ်မျိုးထွင်ပြီးလိုက်ဝတ်သင့်ပါတယ်။ Leather Skirt အနက်ရောင်လေးတွေကို အနက်ရောင်အင်္ကျီလေးတွေနဲ့တွဲဝတ်ပြီး Boots အနက်ရောင်လေးသာစီးလိုက်မယ်ဆိုရင်တော့ အရမ်းမိုက်တဲ့ဖက်ရှင်လေး ဖြစ်သွားမှာပါ။

ဒါကတော့ နေရာတိုင်းနဲ့မလိုက်ဖက်ပေမယ့်လည်း ဓာတ်ပုံရိုက်တဲ့အခါနဲ့ ခရီးသွားတဲ့အခါမှာတော့ သင့်ကိုအမိုက်ဆုံးဖြစ်နေစေမှာပါ။

ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် Freestyle ဖက်ရှင်လေးလည်းဝတ်ချင်တယ်၊ လူငယ်ဆန်တာလေးလည်း ဖြစ်ချင်တယ်ဆိုရင်တော့ အနက်ရောင် Tee အပွကြီးတွေကိုသာ ဝတ်ဆင်လိုက်ပါ။ ဒီတိုင်းမဝတ်ချင်တဲ့သူတွေကတော့ အောက်ကနေ အသားကပ်ဇကာပေါက် (Fishnet) ကို ခံဝတ်လို့ရပါတယ်။

နောက်ဆုံးအနေနဲ့ အနက်ရောင်ဘောင်းဘီအပြဲလေးတွေကို အောက်ကနေ အသားကပ်ဇကာပေါက် (Fishnet) ခံပြီးဝတ်ပါ။ အင်္ကျီကိုတော့ ခေါင်းစွပ်အနက်ရောင်လေးတွေ Hoodie အနက်ရောင်လေးတွေနဲ့ တွဲဝတ်ဖို့အကြံပြုပါတယ်။ ဒါကတော့ သင့်ကိုအလန်းဆုံးဖြစ်နေစေမယ့် All Black ဖက်ရှင်လေးပါ။

Photo Source: Pinterest