မိတ်ကပ်အသစ်ဝယ်တယ်ဆိုတာ မိန်းကလေးတိုင်းလုပ်နေရတဲ့အရာတစ်ခုပဲပေါ့။ မိတ်ကပ်မရှိတော့လို့လည်း မရဘူးလေ။ မိန်းကလေးတော်တော်များများက မိတ်ကပ်ဝယ်တဲ့အခါ မှားသွားတဲ့အချက်တွေက များပါတယ်။

ကိုယ်ရှာထားတဲ့ ပိုက်ဆံတွေမကုန်သင့်တာ မကုန်ရလေအောင် သိထားသင့်ပြီး ဆင်ခြင်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

သင်လိုနေတဲ့ပစ္စည်းက ဘာလဲဆိုတာသေချာသိပြီးမှ သွားဝယ်မယ်ဆိုရင်အကောင်းဆုံးပါ။ ဆိုင်ကိုရောက်သွားပြီးမှ ဘာဝယ်ရမှန်း သေချာမသိနေတာဆိုရင်၊ မလိုက်ဖက်တာတွေကို ဝယ်မိတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

နောက်တစ်ခုကတော့ ငွေကြေးပါ။ သင်သုံးရမယ့် ပမာဏကိုသင်ကိုယ်တိုင်ပဲ အသိဆုံးဆိုတော့ ကိုယ်ဘာဝယ်ရမယ်၊ ဘယ်လောက်ပဲသုံးနိုင်မယ်ဆိုတာမျိုးတွေကို သေချာစဉ်းစားပြီးမှ လုပ်သင့်တယ်လို့ထင်ပါတယ်။ လူတိုင်းကတော့ ပစ္စည်းအသစ်လေးတွေဆိုရင် လိုချင်တာပဲလေ။ ဒါပေမယ့် ကိုယ်အခြေအနေကိုသုံးသပ်ပြီး ဝယ်ရင်တော့ပိုအဆင်ပြေတာပေါ့။

ဆိုင်ကိုမသွားခင်မှာ သေချာလေ့လာပါ။ ဆိုင်ရောက်ပြီးမှ ဝယ်ချင်တဲ့ပစ္စည်းတွေကို လိုက်ကြည့်ပြီးဝယ်မယ်ဆိုရင် ပိုက်ဆံတွေပဲပိုကုန်ပြီး မလိုအပ်တာတွေကိုပါ ဝယ်မိစေမှာပေါ့။ ဒီလိုဆိုတော့ ဘယ်လိုအမျိုးအစားကို ဝယ်ရမယ်၊ ဘယ်လိုဟာက ပိုကောင်းတယ်ဆိုတာကို သေချာလေ့လာမေးမြန်းပြီးမှ ဝယ်မယ်ဆိုရင် ပိုပြီးသင့်တော်ပါတယ်။

သူများကအတင်းယူခိုင်းတာမျိုးတွေကို မလုပ်မိပါစေနဲ့။ ကိုယ်လိုချင်တာ၊ လိုအပ်နေတာကို ကိုယ့်စိတ်နဲ့ကိုယ်ပဲ ဆုံးဖြတ်တာက အကောင်းဆုံးပါ။ ရောင်းတဲ့သူကတော့ ပစ္စည်းတွေများများရောင်းရလေ သူ့အတွက်အဆင်ပြေလေဆိုတော့ သင့်ကိုဈေးကြီးတာတွေနဲ့ ပစ္စည်းများများဝယ်အောင် လုပ်မှာပဲလေ။ ဒါကိုသင်က သေချာဆုံးဖြတ်နိုင်ဖို့တော့ လိုတာပေါ့။

ဒီအချက်တွေကတော့ မိန်းကလေးတော်တော်များများ မိတ်ကပ်သွားဝယ်ကြတဲ့ အချိန်တွေမှာသိထားရမယ့် အရာတွေဖြစ်ပြီး အားနာတတ်တဲ့အကျင့်တွေ၊ မဆုံးဖြတ်တတ်တာတွေကြောင့် မမှားသင့်တာမမှားစေဖို့ သိထားရမယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။