အားလုံးပဲမင်္ဂလာပါနော်။ ဘယ်လမှာ မွေးတာလဲရှင့်။ ကိုယ်မွေးတဲ့လက ကိုယ့်အကြောင်းကိုပြောပြနေပါတယ်နော်။ လချင်းတူပေမယ့် လူတစ်ကိုယ် စိတ်တစ်မျိုးမျိုး ဒီတခါမှာတော့ အားလုံးနဲ့ ထပ်တူကျတာတော့ မဖြစ်နိုင်ပါဘူး။ ကိုယ်မွေးတဲ့လက ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို ဘယ်လိုမျိုးပြောပြနေမလဲဆိုတာ ပြောပြပေးမယ်နော်။

ဇန်နဝါရီ

ဇန်နဝါရီလမှာမွေးတဲ့သူတွေက စမတ်ဖြစ်တယ်၊ ရည်ရွယ်ချက်ကြီးမားတယ်၊ အလုပ်ကြိုးစားတယ်၊ တာဝန်ယူလိုစိတ်ရှိပါတယ်။ ဘာကိုပဲလုပ်လုပ်စေ့စပ်သေချာအောင်လုပ်တတ်တယ်။ သင်ဟာ အေးအေးဆေးဆေးနေတတ်တဲ့သူပါ။ တခြားသူတွေကို ပျော်အောင်လုပ်ပေးနိုင်တဲ့ အရည်အချင်းလည်းရှိပါသူဖြစ်ပါတယ်နော်။

ဖေဖော်ဝါရီ

ဖေဖော်ဝါရီလမှာမွေးတဲ့သူတွေကတော့ ဉာဏ်ရည်ထက်မြက်တယ်။ စမတ်ဖြစ်ပါတယ်။ မတူညီကွဲပြားတဲ့ အရည်အချင်းတွေရှိတယ်။ ရိုးသားတယ်၊ လွတ်လပ်မှုရှိတယ်။ မိမိကိုယ့်ကို ရပ်တည်နိုင်တယ်။ သင်ဟာ တခြားသူအပေါ် မကျောတတ်ဘူး။ ဆွဲဆောင်မှုရှိတယ်၊ သစ္စာရှိတယ်။ သင့်သူငယ်ချင်းတွေအတွက်တော့ သင်ဟာ ယုံကြည်ရတဲ့သူတစ်ယောက်ပဲ။ တခါတလေကျရင် ထိုင်ပြီး တွေးနေတတ်သေးတယ်။

မတ်

မတ်လမှာမွေးတဲ့သူကတော့ နွေးထွေးတဲ့ စိတ်သဘောထားရှိပြီး အေးချမ်းတယ်။ တခြားသူအတွက် တစ်ခုခုလုပ်ပေးရတာ၊ ဖြည်းဆည်းပေးရတာကို နှစ်သက်တယ်။ အကောင်းမြင်စိတ်ရှိတယ်။ သင့်ရဲ့ ရှက်တတ်တဲ့ အပြုအမူကလည်း ဆွဲဆောင်မှုရှိတယ်။

ဧပြီ

ဧပြီလမှာမွေးတဲ့သူတွေကတော့ စွမ်းအားရှိတယ်။ သင့်ဘဝမှာ အကောင်းဖက်ကပဲ လိုချင်တယ်။ သင်ဟာ ချစ်ခင်စုံမက်တတ်သူ၊ ဂရုစိုက်တတ်သူ၊ ခိုင်မာတဲ့သူ၊ ဖော်ရွေတဲ့သူ၊ တက်ကြွတဲ့သူဖြစ်ပါတယ်။ သင့်ဘဝမှာ အတွေ့အကြုံအသစ်ရဖို့ စွန့်စားတတ်တယ်။ အချိန်မီ အလုပ်ကို ပြီးချင်တဲ့သူဖြစ်တယ်။

မေ

မေလမှာမွေးတဲ့သူတွေကတော့ တာဝန်ယူတတ်တယ်။ လက်တွေ့ကျတယ်။ သင့်မှာ အစွမ်းထက်တဲ့ စိတ်ကူးတီထွင်နိုင်စွမ်းရှိတယ်။ တည်ငြိမ်အေးဆေးတယ်။ အတွေးအခေါ်ကောင်းတယ်။ သင်ရဲ့ စိတ်ထားက ပြည့်ဝပြီး သင်ဟာ တီထွင်ကြံဆမှုကောင်းပါတယ်။ သင့်နှလုံးသားကလည်း ရိုမန့်တစ်ဖြစ်တယ်။ ရိုးရှင်းတဲ့ ပျော်ရွှင်မှုကို သင်နှစ်သက်တယ်။ ဟင်းချက်ရတာ ဒါမှမဟုတ်၊ ပန်းစိုက်ရတာ၊ အနုပညာတစ်ခုခုလုပ်ရတာ၊ သီချင်းနားထောင်ရတာကြိုက်တယ်။

ဇွန်

ဇွန်လမှာမွေးတဲ့သူတွေကတော့ တစ်ယောက်တည်းနေရတာမကြိုက်ဘူး။ အဖော်မက်တယ်လို့ ဆိုရမှာပေါ့။ သူငယ်ချင်းအသစ်တွေရဖို့ အမြဲတမ်း ရှာဖွေနေတတ်တယ်။ နေရာအသစ်၊ အတွေ့အကြုံအသစ်ကိုလည်း အမြဲ ရှာဖွေနေတတ်တယ်။

ဇူလိုင်

ဇူလိုင်လမှာမွေးတဲ့သူတွေက စိတ်ခံစားလွယ်တယ်။ ဆတ်ဆတ်ထိမခံတွေပါ။ သင်ချစ်တဲ့သူအပေါ်မှာလည်း သစ္စာအပြည့်ရှိတယ်။ သင့်မိသားစုနဲ့ အတူ နေရတာ နှစ်သက်တယ်။ သင်ဟာ လျှို့ဝှက်နေရတာ ကြိုက်တယ်။ ဒါ့ကြောင့် တခြားသူတွေက သင့်အပေါ် တခါတလေ နားလည်ရခက်တတ်တယ်။

သြဂုတ်

သြဂုတ်လမှာမွေးတဲ့သူတွေက ဟာသဉာဏ်ရွှင်တယ်။ ပျော်တတ်တယ်။ နွေးထွေးတဲ့ နှလုံးသားရှိတယ်။ ယုံကြည်မှုအပြည့်ရှိပြီး ခေါင်းဆောင်အဖြစ်မွေးလာသူပါ။ တခြားသူတွေ သင့်အပေါ် စိတ်ဝင်စားတာကို ကြုက်တယ်။ ချစ်တဲ့သူနဲ့အတူနေရတာ နှစ်သက်တယ်။ ချိုတဲ့အစားအစာ၊ တောက်ပတဲ့အရာတွေကြိုက်တယ်။

စက်တင်ဘာ

စက်တင်ဘာလမှာမွေးတဲ့သူတွေက အသေးစိတ်ကအစ ဂရုစိုက်တတ်တယ်။ သင်ဟာ ယုတ္တိရှိတာကိုပဲယုံတယ်။ လက်တွေ့ဆန်တယ်။

အောက်တိုဘာ

အောက်တိုဘာလမှာမွေးတဲ့သူတွေကတော့ ပျော်တတ်တယ်။ ယဉ်တယ်။ အေးတေးတည်ငြိမ်တဲ့ သဘောရှိတယ်။ စကားပြောစွမ်းရည်ကောင်းတယ်။

နိုဝင်ဘာ

အသားအရေကို နုပျိုကြည်လင်နေစေဖို့ အိမ်တွင်းနည်းလမ်းလေးတွေ

နိုဝင်ဘာလမှာမွေးတဲ့သူတွေကတော့ စိတ်အားထက်သန်မှုရှိတယ်။ သင်စိတ်ဝင်စားတဲ့အရာကနေ ဗဟုသုတတွေရှာဖွေရတာကြိုက်တယ်။ သင့်ရဲ့ စိတ်အားထက်သန်မှုကြောင့် တခြားသူကို ဦးဆောင်နိုင်တယ်။

ဒီဇင်ဘာ

သင့်ရဲ့ရှိရင်းရှိအသက်ထက် ပိုပြီးနုပျိုစေဖို့ လိုက်နာပေးသင့်တဲ့ အချက်(၅) ချက်

ဒီဇင်ဘာလမှာမွေးတဲ့သူတွေကတော့ ဟာသဉာဏ်ရွှင်သူပါ။ ပွင့်ပွင့်လင်းလင်းသမားဖြစ်ပါတယ်။ အမြဲတမ်း လွတ်လပ်ပေါ့ပါးနေတတ်ပြီး လောကကြီးမှာ ပျော်ပျော်နေတတ်သူပါ။ တခြားသူကိုလည်း ဦးစားပေးတတ်တဲ့သူတွေဖြစ်ပါတယ်။

Source: www.blushbabe.com

By: MyStyle Myanmar