ပိုက်ဆံရှိမှ ရည်းစားထားလို့ ရတာလား၊ ပိုက်ဆံမရှိလည်း ရည်းစားထားလို့ရလား ဆိုတဲ့ မေးခွန်းက အချစ်ရေးနဲ့ မကင်းတဲ့ သူတိုင်းအတွက် ဖြေရခက်တဲ့ မေးခွန်းဖြစ်နေတတ်ပါတယ်။ ချစ်သူနဲ့ အပြင်မှာ ဆုံမယ်ဆိုရင် ဒိတ်မယ့်နေရာမှာ ပိုက်ဆံကုန်နိင်သလို ချစ်သက်လက်ဆောင်တွေ ဝယ်ပေးရင်လည်း ငွေကုန်နိုင်ပါသေးတယ်။ ပိုက်ဆံက လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို စိုးမိုးနိုင်တဲ့အထိတောင် ဖြစ်လာပါပြီ။

ဒီတစ်ခေါက်မှာတော့ ငွေကြေးအကုန်အကျ သိပ်မများတဲ့ ချစ်ရသူနဲ့ ဒိတ်လုပ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ နှစ်ယောက်အတူတူ မုန့်တစ်မျိုးလုပ်ကြည့်ပါ

အကုန်အကျမများဘဲ လုပ်ရလွယ်တဲ့ မုန့်တွေရှိပါတယ်။ သင်တို့ချစ်သူနှစ်ဦးက တစ်ယောက်ယောက် အိမ်မှာစုံကာ မုန့်လုပ်စားနိုင်ပါတယ်။

၂။ Game ဆော့ပါ

နှစ်ယောက်အတူတူဆော့လို့ရတဲ့ ဖုန်း Game တွေ၊ Bingo, Jenga စတဲ့ ဂိမ်းကစားနည်းတွေကို နှစ်ယောက်ဒိတ်လုပ်တဲ့အချိန် ကစားနိုင်ပါတယ်။

၃။ နှစ်ယောက်အတူတူ ရုပ်ရှင်ကြည့်ပါ

တစ်ယောက်ယောက်အိမ်မှာ စုံကာ နှစ်ယောက်လုံး ကြည့်ချင်တဲ့ ရုပ်ရှင်ကားတစ်ကားကို အတူတူ ကြည့်နိုင်ပါတယ်။ ပေါက်ပေါက်ဆုပ်စားကာ ဇာတ်လမ်းထင်မြင်ချက်ကို အပြန်အလှန် ပေးနိုင်ပါသေးတယ်။

၄။ စာအုပ်အတူတူဖတ်ပါ

နောက်ထပ် အကုန်အကျမများတဲ့ ချိန်းတွေ့နည်းကတော့ နှစ်ယောက် အတူ စာအုပ်ဖတ်ကာ ဒီစာအုပ်အကြောင်း တစ်ယောက် ထင်မြင်ချက် တစ်ယောက် ဆွေးနွေးတာပါ။ ဒါက ချိန်းတွေ့ဖြစ်သလို ဗဟုသုတလည်း ရပါတယ်။

၅။ နှစ်ယောက်သား Window Shopping ထွက်ပါ

နှစ်ယောက်လုံး ဘိုင်ပြတ်နေတဲ့အချိန်က Window Shopping ထွက်ဖို့ အခွင့်အလမ်းကောင်းပါပဲ။ နှစ်ယောက်လုံး ဘာမှမဝယ်ဘဲ ကိုယ်ကြိုက်တဲ့ဆိုင်တွေ့တာနဲ့ ဝင်မေးလိုက် အဝတ်အစား ဝတ်ကြည့်လိုက် ပြုလုပ်နိုင်ပါတယ်။

၆။ နှစ်ယောက်အတူ လမ်းလျှောက်ပါ

ဒီအိုင်ဒီယာက ပိုက်ဆံမရှိတဲ့အချိန် လုပ်သင့်တဲ့ အိုင်ဒီယာပါ။ နှစ်ယောက် အတူ လက်တွဲပြီး လမ်းအကြာကြီး လျှောက်တာက ကျန်းမာရေးအရလည်း ကောင်းပါတယ်။

၇။ အားကစားတူတူလုပ်ပါ

အင်တာနက်ပေါ်က Workout Video တွေကို ကြည့်ကာ နှစ်ယောက်အတူ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်တဲ့အခါ ဘယ်သူအကြိမ်ရေ ပိုလုပ်နိုင်မလဲပါ ပြိုင်နိုင်ပါတယ်။

၈။ နှစ်ယောက်အတူ ပန်းချီဆွဲပါ

Social Media ပေါ်မှာ တင်ထားတဲ့ ပန်းချီဆွဲနည်းတွေကို ရှာကာ နှစ်ယောက်အတူတူ ပန်းချီဆွဲ လေ့ကျင့်နိုင်ပါတယ်။ တစ်ယောက်ပုံလည်း တစ်ယောက် ဆွဲပေးနိုင်ပါသေးတယ်။

၉။ သီချင်းတူတူနားထောင်ပါ

နှစ်သက်တဲ့ သီချင်းတွေကို နှစ်ယောက်အတူတူ နားထောင်ပြီး လိုက်ဆိုတာကလည်း ချိန်းတွေ့နိုင်တဲ့ အိုင်ဒီယာကောင်းတစ်ခုပါ။

၁၀။ First date တုန်းက အမှတ်တရကို ပြန်ဖန်တီးပါ

သင်တို့နှစ်ယောက် စတွေ့တုန်းက သွားခဲ့တဲ့ မုန့်ဆိုင် ဒါမှမဟုတ် နေရာကို သွားကာ အတိတ်က အကြောင်းတွေကို ပြန်လည်တူးဆွနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar