လူတော်တော်များများ အသုံးပြုနေကြတဲ့ ဖုန်းအားသွင်းနည်းတွေဟာ လျှပ်စစ်အန္တရာယ်ကိုဖြစ်စေနိုင်ရုံသာမက ဖုန်းဘက်ထရီရဲ့ သက်တမ်းကိုပါ လျှော့ကျစေပါတယ်။ ယနေ့ခေတ်အသုံးပြုနေကြတဲ့ ဖုန်းဘက်ထရီတွေဟာ ကြာရှည်ခံဖို့အတွက် ပြုလုပ်ထားတာကြောင့် (၁၀၀) ရာခိုင်နှုန်း အားပြည့်အောင် မသွင်းဖို့ အားလုံးဝ ကုန်ခမ်းသွားသည့်အထိ အသုံးမပြုဖို့ လိုအပ်ပါတယ်။ ဒီတခေါက်မှာတော့ လူတော်တော်များများ ဖုန်းအားသွင်းတဲ့အချိန်တွင် လုပ်မိတတ်သောအမှားတွေအကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) ဖုန်းအားသွင်းကြိုးကို မီးပလပ်ပေါက်ကနေ မဖြုတ်ဘဲထားခြင်း

ဖုန်းအားသွင်းကြိုးတွေကို မီးပလပ်ပေါက်ကနေ မဖြုတ်ဘဲထားမယ်ဆိုရင် ဖုန်းနဲ့မချိတ်ထားရင်တောင် မီးအားဆွဲပါတယ်။ ဒါက မလိုအပ်ဘဲ လျှပ်စစ်မီတာခ တတ်စေပါတယ်။ ပြီးတော့ အခန့်မသင့်ရင် ဝါယာရှော့ဖြစ်ပြီး မီလောင်တဲ့အထိ ဖြစ်နိူင်တာကြောင့် ဖုန်းအားသွင်းပြီးသွားရင် ဖုန်းအားသွင်းကြိုးကို ဖြုတ်ထားဖို့ အကြံပေးပါရစေ။

(၂) ဖုန်းအားကို (၁၀၀) ရာခိုင်နှုန်းအပြည့်သွင်းခြင်း

အကယ်၍ ဖုန်းဘက်ထရီကို အချိန်တိုင်း (၁၀၀) ရာခိုင်နှုန်းအပြည့်သွင်းနေမယ်ဆိုရင် ဘက်ထရီသက်တမ်း တိုးသွားပါလိမ့်မယ်။ အကြောင်းမှာ ဘက်ထရီတွေမှာ တိကျတဲ့အားသွင်းသက်မှတ်ချက်ရှိနေလို့ပါပဲ။ အမြဲတမ်း (၁၀၀) ရာခိုင်နှုန်းအပြည့်သွင်းနေမယ်ဆိုရင် သက်မှတ်ချက်တွေက တဖြည်းဖြည်းကုန်ဆုံးသွားမှာပါ။

ဘက်ထရီအားကို (၂၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းအကြားမှာ ထားသင့်ပြီး တစ်လမှာတစ်ကြိမ်သာ အားအပြည့်သွင်းသင့်ကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။

(၃) ဘက်ထရီအားလုံးဝ ကုန်ခမ်းသွားသည့်အထိ အသုံးပြုခြင်း

ဘက်ထရီအား (ဝ) ရာခိုင်နှုန်းအထိ အသုံးပြုတာကလည်း ဘက်ထရီအတွက် မကောင်းပါဘူး။ ယခု နောက်ဆုံးပေါ်ဘက်ထရီအများစုဟာ လီသီယမ် ကိုအခြေခံပြီးထုတ်လုပ်ထားတာကြောင့် သူတို့မှာ သက်မှတ်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့် ဘက်ထရီအားလုံးဝကုန်ခမ်းသွားသည့်အထိ အသုံးပြုမယ်ဆိုရင် ဘက်ထရီသက်တမ်း တိုသွားစေပါတယ်။

(၄) ညလုံးပေါက် အားသွင်းထားခြင်း

ဖုန်းအားကို ညလုံးပေါက်အားသွင်းထားခြင်းက လျှပ်စစ်မီးဖြုန်းတီးနေခြင်းဖြစ်ပြီး ဘက်ထရီကို လိုအပ်တာထက် ပိုပြီးအားတွေသွင်းမိနေသလို ဖြစ်သွားပါတယ်။ ဒါကလည်း ဘက်ထရီ သက်တမ်းကို အနှောက်အယှက်ပေးတဲ့ အချက်ထဲမှာပါဝင်နေပါတယ်။ နောက်တစ်ခုက အပူလွန်ပြီး မီလောင်တတ်တာကိုလည်း သတိပြုစေချင်ပါတယ်။

(၅) အားသွင်းနေစဉ်အသုံးပြုခြင်း

ဖုန်းအားသွင်းနေချိန်မှာ အသုံးပြုခြင်းကို ရှောင်သင့်ပါတယ်။ အားသွင်းနေစဉ်အသုံးပြုခြင်းက အလုပ် (၂) ခုကို တစ်ပြိုင်တည်းလုပ်နေရတာကြောင့် ဖုန်းဘက်ထရီကို ဖိအားတွေ ပိုပြီးသက်ရောက်စေပါတယ်။ အကယ်၍ အားသွင်းနေတုန်း ဖုန်းဝင်လာတယ်ဆိုရင် အားသွင်းကြိုးဖြုတ်ပြီး စကားပြောပြီးမှ အားပြန်ပြီးသွင်းသင့်ပါတယ်။

(၆) မိမိဖုန်းနှင့်မကိုက်ညီသော အားသွင်းကြိုးအသုံးပြုခြင်း

ဖုန်းအမျိုးအစားအတိုင်းမှာ သူနဲ့ကိုက်ညီတဲ့အားသွင်းကြိုးတွေရှိပါတယ်။ တစ်ခြားဖုန်းအမျိုးအစားရဲ့ ကြိုးနဲ့သော်လည်းကောင်း အခြား မော်ဒယ်အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ အားသွင်းကြိုးတွေကိုသော်လည်းကောင်း အသုံးမပြုသင့်ပါတယ်။ အကယ်၍ သင်ကိုင်နေတဲ့ဖုန်းနှင့်မကိုက်ညီတဲ့ အားသွင်းကြိုးကို အသုံးပြုမယ်ဆိုရင် ဘက်ထရီသို့ အားဝင်နှုန်းက များသွားနိုင်သလို နည်းသွားတာလည်း ဖြစ်နိူင်ပါတယ်။ ဒါက အပူလွန်တာနဲ့ အားသွင်းနှေးတာကို ဖြစ်စေပါတယ်။

အကောင်းဆုံးကတော့ ဖုန်းဝယ်စဉ်က တပါးတည်းပါတဲ့ အားသွင်းကြိုးကို အသုံးပြုခြင်းပါပဲ။ အားသွင်းကြိုး ပြတ်သွားခဲ့ရင်လည်း သေချာမှတ်သားထားပြီး တူညီတဲ့ အားသွင်းကြိုးအမျိုးအစားကိုပဲ ဝယ်သုံးသင့်ပါတယ်။

Source: Bright Side