ဒရမ်မာရုပ်ရှင်ကားကြည့်ရင်း မျက်ရည်ကျတတ်ပါသလား။

စာဖတ်သူကိုယ်တိုင်မဟုတ်ရင်တောင် သူငယ်ချင်းတွေထဲမှာ အဲလိုမျက်ရည်ကျတတ်တဲ့သူရှိလား။ ဒါဆိုရင်တော့ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ စိတ်နေသဘောထားလေးတွေကို Mystyle ကပြောပြပေးချင်ပါတယ်။

သုတေသနပြုချက်တွေအရ လူဦးရေရဲ့ ၉၂ % ဟာ ရုပ်ရှင်ကြည့်ရင်း မျက်ရည်လည်တာ (သို့) မျက်ရည်ကျတတ်သူတွေ ဖြစ်ကြပါတယ်တဲ့။ ဒါဆို သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကျတတ်တဲ့သူတွေမှာ အဓိကတွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကတော့

ဂရုစိုက်တတ်တယ်

ပေးကမ်းရက်ရောတတ်တယ်

စိတ်ခံစားမှုလွယ်တယ်

ကိုယ်ချင်းစာစိတ်ရှိတယ်

ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကျတဲ့သူတွေဟာ အားနည်းတဲ့သူတွေလို့ တစ်ချို့ကပြောကြပါတယ်။ သုတေသီတွေကတော့ သူတို့ဟာ အားပျော့တဲ့သူ စိတ်အားငယ်တတ်တဲ့သူမဟုတ်ပါဘူး။ စာနာသနားတတ်တဲ့သူတွေသာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ ငိုခန်း လွမ်းခန်းတွေကြည့်လို့ မျက်ရည်ကျတယ်ဆိုပေမဲ့ သင်ဟာ အမြဲ စိတ်ဓါတ်ခိုင်မာသူသာဖြစ်ပါတယ်။