မိန်းကလေးတွေအတွက် ခန္ဓာကိုယ်ရဲ့ဟိုနားကအဆီပိုတွေ ဒီနားကအဆီပိုတွေထွက်လာတာ အရမ်းကြည့်ရဆိုးစေတဲ့အပြင် အဆီပိုတွေဆိုတာက ကျန်းမာရေးအတွက်လည်း မကောင်းတဲ့အရာတွေဖြစ်ပါတယ်နော်။ ဒါကြောင့် လေရှူလိုက်တိုင်းဝတယ်ဆိုတဲ့သူတွေအတွက် ထွက်နေတဲ့အဆီပိုတွေ လျှော့ချစေနိုင်ပြီး ထပ်ပြီးအဆီပိုတွေမထွက်လာစေဖို့ အတွက်နေ့စဉ်ပြုမူနေထိုင်ကျင့်ကြံမှုတွေထဲမှာ အပြောင်းအလဲလေးလုပ်ပေးခြင်းဖြင့် အဆီပိုတွေ ကျနိုင်တဲ့ လွယ်ကူတဲ့နည်းလမ်းလေးတချို့ကို ပြောပြပေးချင်ပါတယ်နော်။

ရေနွေးကြမ်းသောက်ပေးပါ

ထမင်းစားတဲ့အခါတွေမှာ ဒါမှမဟုတ် လူအများစုက စားသောက်ပြီးတဲ့အခါစားနေချိန်မှာ ရေနဲ့ ရေခဲရေကို သောက်သုံးတတ်ကြပါတယ်။ ဒါကတော့ အဆီတွေကို စုခဲစေနိုင်လို့ သတိထားသင့်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေနဲ့ ရေခဲရေသောက်မယ့်အစား ရေနွေးကြမ်းကိုသာ သောက်ပေးသင့် ပါတယ်။ ရေနွေးကြမ်းက အစာခြေစနစ်ကို ပိုကောင်းစေသလို မလိုအပ်တဲ့အဆီပိုတွေကိုတိုက်ဖျက်ပေးတဲ့အတွက် အဆီပိုတွေစုခဲနေတာမျိုးမဖြစ်စေဖို့ ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ

နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ကိုယ်လက်လှုပ်ရှားမှုပဲဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိရင် အဆီပိုတွေ ပိုဖြစ်တတ် ပါတယ်နော်။ ဘယ်လောက်ပဲ အထိုင်များတဲ့ အလုပ်ကိုကို လုပ်တယ်ဖြစ်ပါစေ လှုပ်ရှားမှုလုပ်ဖို့တော့ အချိန်ပေးသင့်ပါတယ်။ ဒါမှ အဆီတွေကို တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။ စားသောက်ပြီးတဲ့အချိန်တွေမှာ တန်းပြီး အိပ်တာတွေက အဆီတွေကို စုသွားစေပြီး အဆီပိုတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် တစ်နေ့တာ စားသုံးထားတဲ့ အဆီပိုတွေချေဖျက်ဖို့ တစ်နေ့ကို အနည်းဆုံးလမ်းလျှောက်ပေးတာတော့ လုပ်ပေးသင့်ပါတယ်နော်။

ရေခဲရေရှောင်ပါ

Source;Steemit

အဆီတွေကို ပိုပြီးစုဖြစ်စေတတ်တာကတော့ ရေခဲရေပဲဖြစ်တဲ့အတွက် ရေခဲရေကိုလုံးဝမသောက်တာက အဆီတွေကိုမဖြစ်စေရုံသာမက ကျန်းမာရေး အတွက်ပါ ကောင်းစေပါတယ်နော်။ ရေခဲရေကြောင့် အစာခြေစနစ်မှာအဟန့်အတား ဖြစ်သွားစေပြီး အဆီခဲတာတွေဖြစ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ ဒီလိုဖြစ်လာတဲ့အဆီတွေကလည်း တော်တော်ကျဖို့ ခက်ခဲပါတယ်နော်။

Reference; brightside